“တန်ဟက် နေရာကို အစားဝင်ဖို့ ရေပန်းစားလာခဲ့တဲ့ ဆောက်ဂိတ်”

04 Sep

မန်ယူအသင်းရဲ့နည်းပြ တန်ဟက် အနေနဲ့ လီဗာပူးလ်အသင်းကို အိမ်ကွင်းမှာ ၃ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ရာထူးမှ ထုတ်ပယ်ခံရရန် ရေပန်းစားလာခဲ့တာ ဖြစ်ပါတယ်။ တန်ဟက် ရဲ့နေရာကို အင်္ဂလန်လက်ရွေးစင် နည်းပြဟောင်း ဆောက်ဂိတ် က အစားဝင်ရန်လည်း ပိုမိုရေပန်းစားလာပါတယ်။ တန်ဟက် ဟာ ပြီးခဲ့တဲ့ရာသီကုန်ကတည်းက မန်ယူနည်းပြရာထူးမှ ထုတ်ပယ်ခံရဖွယ်ရှိခဲ့ပေမယ့် ဆာဂျင်ရက်ကလစ်ဖ် ဦးဆောင်တဲ့ အသင်းဘုတ်အဖွဲ့က အသင်းမှာဆက်လက်ထားရှိရန် ဆုံးဖြတ်ချက်တာကြောင့် အသင်းမှာ ဆက်လက်တည်မြဲနေခဲ့ခြင်းဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ပရီးမီးယားလိဂ်ရာသီအဖွင့် ၃ ပွဲမှာ ရှုံးပွဲ ၂ ပွဲအထိ ကြုံတွေ့ခဲ့တဲ့အတွက် ရာထူးမှ ထုတ်ပယ်ခံရရန် ရေပန်းစားမှု မြင့်တက်လာခဲ့ခြင်းဖြစ်ပါတယ်။ ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရာထူးမှ ပထမဆုံး ထုတ်ပယ်ခံရမယ့်နည်းပြအဖြစ် အဲဗာတန်နည်းပြ ရှောင်ဒိုက် က ရေပန်းအစားဆုံး ဖြစ်ခဲ့ပေမယ့် လီဗာပူးလ်အသင်းနှင့် ပွဲအပြီးမှာ တန်ဟက် က ရေပန်းအစားဆုံးဖြစ်လာခဲ့ပါတယ်။ (NVS 008)

04 Sep

ADVERTISE HERE .