“ဂျိုင်း(ဇာသပြင်)တံတား ၂၀၂၅ ခုနှစ်မှာပြီးစီးမည်”

04 Sep

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အစပ်ရှိ ဂျိုင်း(ဇာသပြင်)တံတားတည်ဆောက်မှု ၂၀၂၅ ခုနှစ်မှာ ပြီးစီးမည် ဖြစ်ကြောင်း မွန်ပြည်နယ်၊လမ်းတံတားဦးစီးဌာန၊တံတားအထူးဖွဲ့ကနေ သိရပါတယ်။အဆိုပါ တံတားသစ်တည်ဆောက်မှု ပြီးသွားပါက တန် ၆၀ ကုန်တင်ယာဉ်များ အဆင်ပြေလွယ်ကူစွာ သွားလာ နိုင်မှာ ဖြစ်ပါတယ်။ လက်ရှိမှာ ဂျိုင်း(ဇာသပြင်)တံတားသစ်ကို ဂျပန်နိုင်ငံမှ ပညာရှင်များက ပြန်လည်တည်ဆောက် ခြင်းလုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်ပြီး၊ ဂျိုင်းမြစ်ကို ဖြတ်၍ တည်ဆောက်ထားသော ဇာသပြင်တံတားမှာ ဇာသပြင်အနောက်ရွာ၊ ဘားအံမြို့နယ်နှင့် ခရုံရွာ၊ ကျိုက်မရောမြို့နယ်တို့ကို ဆက်သွယ်ထားတဲ့ တံတားတစ်စင်း ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါတံတားတည်ဆောက်ပြီးစီးပါက မြဝတီမှတဆင့်ထိုင်းနိုင်ငံသို့ ကုန်စည်စီးဆင်းမှုပိုမို လွယ်ကူလာမည် ဖြစ်တယ်လို့ သိရပါတယ်။ (NVS 003)

04 Sep

ADVERTISE HERE .