“ကိုရီးယားဘာသာအရည်အချင်းစစ် အထူးသီးသန့်စာမေးပွဲ ဖြေဆိုသူ ၆,၀၀၀ ကျော်ရှိ”

04 Sep

ကိုရီးယားနိုင်ငံတွင် နောက်တစ်ကြိမ်သွားရောက် အလုပ်လုပ်ကိုင်နိုင်စေရန် သီးသန့်ပြုလုပ်ပေးခဲ့တဲ့ အရည်အချင်းစစ် အထူးသီးသန့် စာမေးပွဲ‌မှာ ဝင်ရောက်ဖြေဆိုသူ ၆,၀၁၁ ဦးရှိတယ်လို့ သိရပါတယ်။ အဆိုပါစာရင်းကို အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA)မှ ထုတ်ပြန်ထားပြီး တောင်ကိုရီးယားနိုင်ငံမှာ သုံးနှစ်နှင့်အထက်လုပ်ကိုင်ခဲ့ကာ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိနေသူများအတွက် ရည်ရွယ်ကျင်းပတယ်လို့ သိရပါတယ်။ Special EPS စာမေးပွဲဖြေဆိုခွင့်ရှိသူများရဲ့ ဝင်ခွင့်စာရင်းကို စက်တင်ဘာလ ၉ ရက်နှင့် ၁၀ ရက်မှာ လက်ခံသွားမည်ဖြစ်ပြီး အောက်တိုဘာလ ၁ ရက်မှ ၄ ရက်အထိစာမေးပွဲကို ကျင်းပပေးသွားမည်ဖြစ်ကာ ၈ ရက်မှာ အောင်စာရင်းထုတ်ပြန်ပေးသွားမည်ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ တောင်ကိုရီးယားနိုင်ငံမှာ မြန်မာလုပ်သား ၇၀,၀၀၀ ကျော်ရောက်ရှိလုပ်ကိုင်နေသလို လစဥ်လုပ်သားရာနှင့်ချီထွက်ခွာနေကြောင်း သံရုံးမှထုတ်ပြန်ထားတဲ့ စာရင်းများအရ သိရပါတယ်။

04 Sep

ADVERTISE HERE .