“ပေါင်းတည်မြို့ ဗုဒ္ဓမြတ်စွယ်တော် အပူဇော်ခံပွဲကို ပုံမှန်အတိုင်း ကျင်းပမည်”

04 Sep

မြန်မာနိုင်ငံတဝှမ်းထင်ရှားကျော်ကြားသော မြတ်ဗုဒ္ဓရဲ့ စွယ်တော်ပွားတစ်ဆူဖြစ်တဲ့ ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နယ်မှာ ကိန်းဝပ်စံပယ်လျက်ရှိသော ဗုဒ္ဓမြတ်စွယ်တော်ကို ရဟန်းရှင်လူ ပြည်သူများ ဖူးမြော်ကြည်ညို နိုင်ရန် (၁၂၇) ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော် အပူဇော်ခံပွဲကို အစဉ်အလာမပျက် ဆင်ယင်ကျင်းပသွားမည် ဖြစ်ကြောင်း ဂေါပကအဖွဲ့မှ သိရပါတယ်။ ပေါင်းတည်မြို့နယ် သိကျမုနိမိုဃ်းကောင်းဘုရားကြီးတိုက် ဂန္ဓကုဋိရွှေတိုက်တော်အတွင်း ကိန်းဝပ်စံမြန်း လျက်ရှိတဲ့ ဗုဒ္ဓမြတ်စွယ်တော်ကို နှစ်စဉ်အပူဇော်ခံမြဲဖြစ်သော တော်သလင်းလဆန်း ၁၃ ရက်မှ ၁၅ ရက်အထိ ၃ ရက် တိုင်တိုင် အပူဇော်ခံမှာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ၃ ရက်တာအတွင်း နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ အပူဇော်ခံမည်ဖြစ်ပြီး တော်သလင်းလဆန်း ၁၄ ရက်၊ ၁၅ ရက်တို့မှာ မြတ်စွယ်တော်ကို ဖုံးအုပ်ထားသော ရတနာစိန်ကြုတ်တော်ကို ဖွင့်လှစ်အပူဇော်ခံမှာ ဖြစ်ပါတယ်။ (NVS 003)

04 Sep

ADVERTISE HERE .