“အင်းလေးဖောင်တော်ဦး ရုပ်ရှင်တော်မြတ်များ ဒေသစာရီကြွချီပွဲ ကျင်းပမည်”

04 Sep

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်အတွင်းရှိ အင်းလေးဖောင်တော်ဦးရုပ်ရှင်တော်မြတ်များ အောက်တိုဘာလ ၃ ရက်မှစတင်ကာ အောက်တိုဘာလ ၂၀ ရက်အထိ ရှေးအစဉ်အလာအတိုင်း ၂၁ ဌာနသို့ ဒေသစာရီ အပူဇော်ခံကြွရောက်မှာဖြစ်တယ်လို့ သိရပါတယ်။ သီတင်းကျွတ်လဆန်း ၁ ရက်(အောက်တိုဘာလ ၃ ရက်) နံနက် ၄ နာရီတွင် ဖောင်တော်ဦးကျောင်းတော်မှ အင်းလေး ဖောင်တော်ဦးရုပ်ရှင်တော်မြတ်များ ဒေသစာရီအပူဇော်ခံကြွချီခြင်း မင်္ဂလာအခမ်းအနား ဖွင့်လှစ်ပြီးနောက် နံနက် ၇ နာရီမှာ အင်းတိန်ကြေးပေါခုံ ကျောင်းသို့ကြွရောက်ကာ ညကျိန်းအနေနဲ့ အပူဇော်ခံတော်မူမှာ ဖြစ်တယ်လို့ သိရပါတယ်။ အောက်တိုဘာလ ၄ ရက်နံနက်မှ စတင်ကာ ကြေးပေါခုံကျောင်း- အင်းတိန်စံကျောင်း- ဟဲယားရွာမစံကျောင်း များသို့ ကြွချီကာ ညကျိန်းအနေနဲ့ ၂ ညအပူဇော်ခံမှာ ဖြစ်ပါတယ်။ အောက်တိုဘာလ ၆ ရက် နံနက်ပိုင်း မှာ ဟဲယာရွာမစံကျောင်းမှ ငါးဖယ်ချောင်းကျောင်းသို့ ရောက်ရှိပြီး ညကျိန်းအပူဇော်ခံမှာဖြစ်ပြီး အောက်တိုဘာလ ၇ ရက်မှာ ငါးဖယ်ချောင်းကျောင်းမှ ထွက်ခွာပြီး ကြေးစားကျောင်းမှာ ညကျိန်းအပူဇော်ခံသွားမှာဖြစ်တယ်လို့ သိရပါ တယ်။ အောက်တိုဘာလ ၈ ရက်မှာ ကြေးစာကျောင်းမှ ပွဲစားကုန်းကျောင်း- လင်းကင်းကျောင်း၊ အောက်တိုဘာ ၉ ရက်မှာ လင်းကင်းကျောင်းမှ ညောင်ရွှေမြို့ကျောင်းတော်သို့ကြွချီကာ ၃ ရက်ညကျိန်းအပူဇော်ခံသွားမည်ဖြစ်ကြောင်း သိရပါတယ်။ အောက်တိုဘာလ ၁၂ ရက်မှာ ညောင်ရွှေမြို့ကျောင်းတော်မှ နန်းသဲကျောင်း-မိုင်းသောက်ကျောင်း၊ အောက်တိုဘာလ ၁၃ ရက်မှာ မိုင်းသောက်ကျောင်းမှ သလဲဦးကျောင်းသို့ကြွချီကာ ညကျိန်းမည်ဖြစ်ပြီး အောက်တိုဘာလ ၁၄ ရက်မှာ သလဲဦးကျောင်း-ကေလာကျောင်း-ဇရပ်ကြီးကျောင်းသို့ကြွရောက် ညကျိန်းမည် ဖြစ်တယ်လို့ သိရပါတယ်။ အောက်တိုဘာလ ၁၅ ရက်မှာ ဇရပ်ကြီးကျောင်း-အလိုတော်ပေါက် တောင်ကျောင်း- နမ့်ပန်ကျောင်း၊ အောက်တိုဘာလ ၁၆ ရက်မှာ နမ့်ပန်ကျောင်း-မကျည်းဆိပ်ကျောင်း-ကျိုက်ခမ်ကျောင်း၊ အောက်တိုဘာလ ၁၇ ရက် မှာ ကျိုက်ခမ်ကျောင်းမှ မိုင်းပျိုကျောင်းသို့ ညကျိန်းအဖြစ် အပူဇော်ခံသွားမှာဖြစ်ပါတယ်။အောက်တိုဘာလ ၁၈ ရက်မှာ မိုင်းပျိုကျောင်း-နောက်တောကျောင်း၊ အောက်တိုဘာလ ၁၉ ရက်မှာ နောင်တောကျောင်း- အင်ပေါခုံကျောင်း - ရေသာကျောင်းနှင့် အောက်တိုဘာလ ၂၀ ရက်မှာတော့ ရေသာကျောင်းမှ ဖောင်တော်ဦးကျောင်းတော်သို့ ပြန်လည်ကြွချီတော်မူမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 003)

04 Sep

ADVERTISE HERE .