ကုန်စျေးနှုန်းသတင်း ၃.၉.၂၀၂၄

03 Sep

စက်တင်ဘာလ ၃ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲနဲ့ ပဲစင်းငုံနီဈေးတွေ ဆက်တိုက်မြင့်တက်နေပေမယ့် ကြက်သွန်နီဈေးကတော့ ဆက်တိုက်ကျဆင်းလာပါတယ်။ ထောပတ်ပဲနဲ့ ပဲလွန်းနီဈေးတွေ အနည်းငယ် တက်လာသလို ထန်းလျက်နဲ့ အာလူးဈေးတွေလည်း အနည်းငယ် တက်လာ ပါတယ်။ ကြက်သွန်ဖြူဈေးကတော့ ဈေးငြိမ်နေပါတယ်။ မတ်ပဲ(FAQ/RC) တစ်တင်းကို ၁၃၂,၄၆၀ ကျပ်၊ မတ်ပဲ (FQ/RC) တစ်တင်းကို ၁၄၆,၁၂၁ ကျပ်၊ မတ်ပဲ(Raw) တစ်ပိဿာကို ၆,၇၈၀ ကျပ်ကနေ ၆,၈၂၀ ကျပ်၊ ပဲစင်းငုံနီ တစ်တင်းကို ၁၆၈,၃၃၂ ကျပ်၊ ပဲတီစိမ်း တစ်ပိဿာကို ၄,၃၃၀ ကျပ်ကနေ ၅,၆၀၀ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၇၃၀ ကျပ်ကနေ ၁,၇၅၀ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၅,၈၃၀ ကျပ်ကနေ ၆,၁၇၀ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာကို ၆,၂၆၀ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၄,၃၄၅ ကျပ်ကနေ ၅,၆၆၅ ကျပ်၊ စားတော်ပဲ တစ်ပိဿာကို ၅,၈၃၀ ကျပ်ကနေ ၇,၅၀၀ ကျပ်၊ ပဲလွန်းဖြူ တစ်ပိဿာကို ၄,၅၈၀ ကျပ်ကနေ ၅,၀၀၀ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၃,၁၆၀ ကျပ်ကနေ ၃,၅၀၀ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၆,၇၂၅ ကျပ်ကနေ ၇,၁၀၀ ကျပ်၊ ပဲပုတ်မြစ်ဝကျွန်းပေါ်(ဆီတိုး/အထွက်တိုး) တစ်ပိဿာကို ၆,၀၀၀ ကျပ်ကနေ ၇,၁၇၀ ကျပ်၊ ငရုတ်(ဆင်ဖြူကျွန်း) တစ်ပိဿာကို ၉,၀၀၀ ကျပ်ကနေ ၁၁,၀၀၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာကို ၁,၄၀၀ ကျပ်ကနေ ၂,၄၀၀ ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာကို ၁၈,၀၀၀ ကျပ်ကနေ ၁၈,၃၀၀ ကျပ်၊ အာလူး တစ်ပိဿာကို ၂,၅၀၀ ကျပ်ကနေ ၅,၂၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၄,၅၀၀ ကျပ်ကနေ ၅,၇၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၄,၆၅၀ မှ ၅,၀၀၀ ကျပ်၊ မန်ကျည်းသီး တစ်ပိဿာကို ၃,၃၀၀ ကျပ်ကနေ ၆,၄၀၀ ကျပ်၊ ငါးမီးတံသွယ် တစ်ပိဿာကို ၇,၀၀၀ ကျပ်၊ ငါးမြွေထိုး တစ်ပိဿာကို ၄၀,၀၀၀ ကျပ် ဖြစ်ပေါ် နေပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၆ ကျပ်နဲ့ စင်ကာပူ တစ်ဒေါ်လာကို မြန်မာငွေ ၁,၆၁၂ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက်ဈေးအရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၅,၇၂၀ ကျပ်နဲ့ စင်ကာပူ တစ်ဒေါ်လာကို မြန်မာငွေ ၄,၂၅၀ ကျပ် ဖြစ်နေတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD) ၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၃,၁၀၀ ကျပ်၊ မန္တလေးမှာ ၃,၁၈၅ ကျပ်၊ နေပြည်တော်မှာ ၃,၁၆၀ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၃,၂၄၀ ကျပ်၊ မန္တလေးမှာ ၃,၃၂၀ ကျပ်၊ နေပြည်တော်မှာ ၃,၂၉၅ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၆၅၅ ကျပ်၊ မန္တလေးမှာ ၂,၇၃၅ ကျပ်၊ နေပြည်တော်မှာ ၂,၇၁၀ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၃,၂၉၅ ကျပ်၊ မန္တလေးမှာ ၃,၃၈၀ ကျပ်၊ နေပြည်တော်မှာ ၃,၃၅၅ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၅,၀၂၈,၄၈၀/-) ငါးဆယ် နှစ်သောင်း ရှစ်ထောင် လေးရာ ရှစ်ဆယ်ကျပ် ရှိပြီး ပြင်ပပေါက်ဈေးမှာ ကျပ်သိန်း (၇,၂၀၀,၀၀၀ိ/-) ခုနစ်ဆယ် နှစ်သိန်းကျပ် ရှိနေတယ်လို့ သိရပါတယ်။

03 Sep

ADVERTISE HERE .