“မကွေးတိုင်းဒေသကြီးအတွင်းသို့ ခရီးသွားဧည့်သည် ဦးရေ ၁ ဒသမ ၇ သန်းနီးပါး လာရောက်လည်ပတ်ခဲ့”

03 Sep

မကွေးတိုင်းဒေသကြီးအတွင်းရှိ ခရီးစဉ်ဒေသများသို့ ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လကုန်အထိ ခရီးသွား ဧည့်သည်ဦးရေ ၁ ဒသမ ၇ သန်းနီးပါး လာရောက်လည်ပတ်ခဲ့ရာ ပြီးခဲ့တဲ့နှစ် ကာလတူထက် ၂၈ ရာခိုင်နှုန်းခန့် ခရီးသွားလာရောက်မှု တိုးတက်လာကြောင်း မကွေးတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရပါ တယ်။ မကွေးတိုင်းဒေသကြီးအတွင်း၌ အထင်ကရနေရာများစွာရှိသည့်အပြင် သမိုင်းဝင်နေရာများလည်း တည်ရှိ တဲ့အတွက် ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များ စိတ်ဝင်တစား လာရောက်လည်ပတ်လျက်ရှိပါတယ်။ ခရီးသွားဧည့်သည်များအနေနဲ့ မကွေးတိုင်းဒေသကြီးအတွင်းရှိ မန်းရွှေစက်တော်ဘုရား၊ မြသလွန်စေတီတော် မြတ်ကြီး၊ မင်းလှခံတပ်၊ ကွေ့ချောင်းခံတပ်၊ ရေနံချောင်းမြို့နယ်အတွင်းရှိ ဂျပ်ကြားလမ်းနှင့် တံခါး ၉၉ ပေါက်အိမ် စတဲ့ နေရာ ဒေသများသို့ အများဆုံး လာရောက်လည်ပတ်ကြပါတယ်။ မကွေးတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ သမိုင်းဝင် နေရာများနှင့် ယဉ်ကျေးမှုအရင်းအမြစ်များကို အခြေခံပြီး မြန်မာနိုင်ငံ၏ ထင်ရှားသော ခရီးစဉ်ဒေသတစ်ခု ဖြစ်လာ စေရေးအတွက် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းပြီး စီမံဆောင်ရွက်လျက်ရှိနေပါတယ်။ လက်ရှိမှာတော့ မကွေးတိုင်းဒေသကြီးအတွင်းမှာ ဖွင့်လှစ်ထားသော တရားဝင်လုပ်ငန်း လိုင်စင်ရ ဟိုတယ်နှင့် တည်းခိုရိပ်သာပေါင်း ၄၀ ခန့်ရှိပြီး တိုင်းဒေသကြီးအတွင်း ခရီးသွားဧည့်သည်များ အဆင်ပြေစွာ တည်းခိုနိုင်စေရန် အတွက် ဟိုတယ်နှင့်တည်းခိုရိပ်သာများ၏ ဝန်ဆောင်မှုအရည်အသွေးများကိုလည်း မြှင့်တင်ဆောင် ရွက်လျက်ရှိနေ ကြောင်း သိရပါတယ်။ (NVS-004)

03 Sep

ADVERTISE HERE .