“YBS စီးခရီးသည်များ ပိုမိုအဆင်ပြေစေရန် YPS ကတ်များအား Mobile Money ဖြင့် ငွေဖြည့်သွင်းနိုင်ရန် ဆောင်ရွက် လျက်ရှိ”

03 Sep

ရန်ကုန်မြို့အတွင်း၌ ပြေးဆွဲနေသည့် YBS ယာဉ်များတွင် အသုံးပြုနေသော YPS ကတ်များ ငွေဖြည့်သွင်း နိုင်ရန် အချက်အချာကျသည့် နေရာများတွင် အရောင်းကောင်တာများ ဖွင့်လှစ်ထားရှိသော်လည်း ခရီးသည်များ ပိုမိုအဆင်ပြေစေရေး Mobile Money ဖြင့် ငွေဖြည့်သွင်းနိုင်ရန် Asia Starmar Transport Intelligent ကုမ္ပဏီမှ စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ Asia Starmar Transport Intelligent ကုမ္ပဏီအနေဖြင့် YBS ယာဉ်များတွင် ငွေဖြတ်စက်(POS)များ တပ်ဆင် လျက်ရှိရာ YBS ယာဉ်လိုင်းကုမ္ပဏီ ၁၈ ခုတွင် ငွေဖြတ်စက်(POS)ပေါင်း ၃,၉၀၀ ကျော် တပ်ဆင်ပြီးဖြစ်ကာ ကျန်ယာဉ် များတွင်လည်း တပ်ဆင်ရန် ဆောင်ရွက်လျက်ရှိကြောင်းနှင့် YBS စီးခရီးသည်များအတွက် YPS ကတ် လေးသိန်းခွဲ ကျော် ဖြန့်ဖြူးထားရှိပြီး လက်ရှိမှာအသုံးပြုသူ ၂၃၀,၀၀၀ ကျော် ရှိနေပြီဖြစ်ပါတယ်။ YPS ကတ်များ ငွေဖြည့်သွင်းရာတွင် အဆင်ပြေစေရန် မြန်မာပလာဇာရှေ့၊ ရှစ်မိုင်(Junction 8)၊ လှည်းတန်း၊ ဆူးလေ၊ သခင်မြပန်းခြံ၊ စိုက်ပျိုးရေးမှတ်တိုင်(Junction Square) စတဲ့ ရန်ကုန်မြို့၏ အချက်အချာကျနေရာများတွင် ဝန်ဆောင်မှုများ ရယူနိုင်သည့်အပြင် g & g Convenience Store ဆိုင်များနှင့် Capital Shopping Center ဆိုင်ခွဲများ၊ အဆင့်မြင့်မင်္ဂလာရုပ်ရှင်ရုံများတွင်လည်း ငွေဖြည့်သွင်းနိုင်ရန် စီစဉ်ထားကြောင်းသိရပါတယ်။ (NVS-004)

03 Sep

ADVERTISE HERE .