“နီကိုလက်စ်ဂျက်ဆင်ကို စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီချက်ရရှိခဲ့တဲ့ ချဲလ်ဆီးအသင်း”
03 Sepချဲလ်ဆီးအသင်းက တိုက်စစ်မှူး နီကိုလက်စ်ဂျက်ဆင် ကို စာချုပ်သက်တမ်းတိုးရန် သဘောတူညီမှုရရှိခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။ ချယ်လ်ဆီးအသင်းက အသက် ၂၃ နှစ်အရွယ်သာရှိသေးတဲ့ ဂျက်ဆင် ကို ၂၀၂၃ နွေရာသီကမှ ဗီလာရီးရဲလ် အသင်းမှ ပေါင် ၃၂ သန်းနဲ့ ခေါ်ယူကာ ၂၀၃၁ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားခြင်း ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဂျက်ဆင် က ပြိုင်ပွဲစုံ ၁၇ ဂိုးသွင်းယူကာ ခြေစွမ်းပြခဲ့ပြီး နည်းပြသစ် မာရက်စကာ ကလည်း အသင်းရဲ့ အဓိက ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ထားတဲ့အတွက် ၂၀၃၃ ခုနှစ်အထိ သက်တမ်းတိုးရန် စီစဉ်ခဲ့ခြင်းဖြစ်ပါတယ်။ စာချုပ်သစ်အရ နီကိုလက်စ်ဂျက်ဆင် က လစာတိုးမြင့်ရရှိသွားဖွယ်ရှိတယ်လို့ သိရပါတယ်။ (NVS 008)
03 Sep