“နိုင်ငံအတွင်း ဆန္ဒပြမှုများ ရပ်တန့်ရန် အစ္စရေးတရားရုံး အမိန့်ချ”

03 Sep

နိုင်ငံအတွင်းရှိ အလုပ်သမားသမဂ္ဂ က လုပ်ဆောင်နေသော ဆန္ဒပြမှုများ ရပ်တန့်ရန် အစ္စရေးတရားရုံး တစ်ခု က စက်တင်ဘာလ ၂ ရက်တွင် အမိန့်ချလိုက်သည်။ အလုပ်သမားသမဂ္ဂသည် အစ္စရေးအစိုးရအနေဖြင့် ဟားမတ်စ်အဖွဲ့နှင့် ဓားစာခံများပြန်လွှတ်ပေးရေး သဘောတူညီချက်ရရှိအောင် ဆောင်ရွက်ရန် ဆန္ဒပြ တောင်းဆို နေကြခြင်း ဖြစ်သည်။ သို့သော် စစ်ပြေငြိမ်းရေးကို ဆန့်ကျင်သည့် လက်ယာစွန်းရောက် ဘဏ္ဍာရေးဝန်ကြီး က တရားရုံးအနေဖြင့် အဆိုပါဆန္ဒပြမှုများ ရပ်တန့်စေရေးအမိန့်ထုတ်ပေးရန် တောင်းဆိုပြီးနောက် တဲလ်အဗစ်မြို့ အလုပ်သမားရေးရာတရားရုံးက ဆန္ဒပြုမှုများကို ချက်ချင်းရပ်တန့်ရန် အမိန့်ထုတ်လိုက်ခြင်း ဖြစ်သည်။ အလုပ် သမားသမဂ္ဂ က ဆန္ဒပြမှုသည် စီးပွားရေးဆိုင်ရာ အကြောင်းပြချက်များကြောင့် မဟုတ်ကြောင်း တရားရုံး က သတိ ပေး ထောက်ပြထားသည်။ အစ္စရေးနိုင်ငံရှိ အလုပ်သမားသမဂ္ဂသည် စီးပွားရေးဆိုင်ရာ ပြဿနာများ၊ အလုပ် သမားများ၏ အခွင့်အရေးများနှင့်ပတ်သက်၍သာ ဆန္ဒပြခွင့် ရှိသည်။ သို့သော် ဂါဇာရှိ ဥမင်လိုဏ်ခေါင်းများအတွင်း အစ္စရေးနိုင်ငံသားများ အသတ်ခံနေရမှုကို ရပ်ကြည့်မနေနိုင် သည့် အတွက် ဆန္ဒပြမှုလုပ်ရန် လိုအပ်ကြောင်း အလုပ်သမားသမဂ္ဂဥက္ကဋ္ဌ က စက်တင်ဘာလ ၁ ရက်တွင် ပြော သည်။ အစ္စရေးတပ်မတော်က ဂါဇာဒေသ၌ ဓားစာခံခြောက်ဦး၏ရုပ်အလောင်းများကို တွေ့ရှိသည်ဟု စက်တင်ဘာ လ ၁ ရက်တွင် ထုတ်ပြန်ပြီးနောက် ယခုကဲ့သို့ ဆန္ဒပြမှုများ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ဓားစာခံခြောက်ဦး သေဆုံး ခြင်းသည် အစ္စရေး၏ဗုံးကြဲခြင်းကြောင့် ဖြစ်သည်ဟု ဟားမတ်စ်အဖွဲ့က ပြောသော်လည်း ယင်း ဓားစာခံများသည် သေနတ်ဖြင့် အနီးကပ်အပစ်ခံရခြင်းဖြစ်ကြောင်း အစ္စရေးကျန်းမာရေးဝန်ကြီးဌာန က ထုတ်ပြန်ထားသည်ဟု Intellinews ဖော်ပြချက်အရ သိရသည်။

03 Sep

ADVERTISE HERE .