“မြဝတီအမှတ်(၁)ချစ်ကြည်ရေးတံတားမှ တစ်ဆင့် PV နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူများ အလည်အပတ် သွားလာခွင့်ပိတ်ထား”

03 Sep

ထိုင်း-မြန်မာနယ်စပ် မြဝတီအမှတ်(၁)ချစ်ကြည်ရေးတံတားမှတစ်ဆင့် PV နိုင်ငံကူးလက်မှတ်ကိုင်ဆောင် ထားသူများကို အလည်အပတ်သွားခွင့် ယာယီပိတ်ထားတယ်လို့ သိရပါတယ်။ ဒါကြောင့် PV နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားတဲ့သူများအနေနဲ့ မဲဆောက်မြို့သို့ အလည်အပတ်ဗီဇာနဲ့ သွားလာရန် အခက်အခဲတွေနဲ့ ကြုံတွေ့နေ ရတယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာ CI ကိုင်ဆောင်ထားသူနှင့် PJ ကိုင်ဆောင်ထားသူများသာ သွားလာခွင့်ရှိနေတယ်လို့ သိရပါတယ်။ အဆိုပါ ဖြတ်သန်းသွားလာခွင့်ကို ပြီးခဲ့သော ဩဂုတ်လ ၃၁ ရက်မှစတင်ကာ ပိတ်ထားခဲ့တာဖြစ်ပြီး PV နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူများကို ထိုင်းနိုင်ငံဘက်သို့ ဖြတ်သန်းခွင့်မပြုဘဲ ရဲတပ်ဖွဲ့က စိစစ်၍ ယာယီထွက်ခွာခွင့် ပိတ်ထားတယ်လို့ သိရပါတယ်။ (NVS 003)

03 Sep

ADVERTISE HERE .