“ပန်းဆိုးတန်း-ဒလ သင်္ဘောစီးခ တိုးမြှင့်ကောက်ခံ”

03 Sep

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ပန်းဆိုးတန်း-ဒလ ပြေးဆွဲပေးနေတဲ့ ချယ်ရီသင်္ဘောတွေဟာ စက်တင်ဘာလ ၁ ရက်မှစတင်ပြီး သင်္ဘောစီးနင်းခတွေကို တိုးမြှင့်ကောက်ခံသွားမှာ ဖြစ်တယ်လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးကနေ သိရပါတယ်၊၊ ပန်းဆိုးတန်း-ဒလ သင်္ဘောစီးနင်းခစျေးနှုန်းဟာ ယခင်က ၂၀၀ ကျပ်ဖြစ်ပြီး ယခုအခါ ၃၀၀ ကျပ် ပြောင်းလဲ ကောက်ခံသွားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ယာဉ်အမျိုးအစားအလိုက် နှုန်းထားတွေကိုလည်း တိုးမြှင့်ကောက်ခံ နေပြီး စက်ဘီးတစ်စီးကို ယခင်က ၁၀၀ ကျပ်ကနေ လက်ရှိမှာ ၂၀၀ ကျပ်၊ ကုန် ၁ တန်ကို ယခင်က တစ်ထောင် ကျပ် ကနေ ယခု နှစ်ထောင်ကျပ် အဖြစ်ပြောင်းလဲကောက်ခံမှာ ဖြစ်တယ်လို့ သိရပါတယ်။ ပန်းဆိုးတန်း-ဒလ ပြေးဆွဲပေးနေတဲ့ ချယ်ရီသင်္ဘောတွေဟာ နေ့စဥ်မနက် ၅ နာရီကနေ ည ၆ နာရီခွဲအထိ နေ့စဉ်သင်္ဘောခေါက်ရေ ၄၆ ခေါက်ပြေးဆွဲပေးနေတယ်လို့ သိရပါတယ်၊၊ (NVS 003)

03 Sep

ADVERTISE HERE .