“ဂျပန်နိုင်ငံမှ ဒေါ်လာ ၄ သိန်းခွဲကျော်ဖိုး ဆေးနှင့်ဆေးပစ္စည်းများ လှူဒါန်း”

03 Sep

ဂျပန်နိုင်ငံအခြေစိုက် Ingo Peace မှ မြန်မာနိုင်ငံသားတွေအတွက် လိုအပ်တဲ့နေရာဒေသတွေမှာ အသုံးပြု နိုင်ဖို့ အမေရိကန်ဒေါ်လာ ၄ သိန်းခွဲကျော် တန်ဖိုးရှိတဲ့ ဆေးဝါးတွေနဲ့ ဆေးလုပ်ငန်းသုံးဆက်စပ်ပစ္စည်းကိရိယာတွေ ကို ပေးအပ်လှူဒါန်းခဲ့ပါတယ်။ အဆိုပါပေးအပ်လှူဒါန်းတဲ့ အခမ်းအနားကို စက်တင်ဘာလ ၁ ရက်၊ ညနေပိုင်းက ရန်ကုန်မြို့ Chatrium Hotel မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌနဲ့ တာဝန်ရှိသူများ၊ Ingo Peace မှ တာဝန်ရှိ သူများနှင့် UMFCCI မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး လှူဒါန်းမှုကို မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌနဲ့ တာဝန်ရှိသူများက လက်ခံရယူခဲ့ပါတယ်။ ဂျပန်နိုင်ငံမှ လှူဒါန်းတဲ့ဆေးဝါးများကို မြန်မာနိုင်ငံရဲ့ လိုအပ်တဲ့ဒေသတွေအတွက် အကျိုးရှိရှိအသုံးချသွားမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းက အချိန်ပိုင်းအလုပ်အမှုဆောင် ဦးကျော်မျိုးသူက ပြောကြားခဲ့ပါတယ်။ Ingo Peace အဖွဲ့အစည်းအနေနဲ့ မြန်မာနိုင်ငံအတွက် အခုလိုလှူဒါန်းတာဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး ဆက်လက် လှူဒါန်းနိုင်ရန် ဆောင်ရွက်သွားဖို့ ရှိတယ်လို့ သိရပါတယ်။ (NVS 003)

03 Sep

ADVERTISE HERE .