"မြန်မာ့ထုတ်ကုန်များ နိုင်ငံတကာထိုးဖောက်ရေး ဆောင်ရွက်နေ"

03 Sep

မြန်မာ့ထုတ်ကုန်တွေကို နိုင်ငံတကာဈေးကွက်ထဲ ထိုးဖောက်နိုင်အောင် ဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံ ဗမာတိုင်းရင်းသားလုပ်ငန်းရှင်များအသင်း၊ အထွေထွေအတွင်းရေးမှူး က ပြောကြားခဲ့ပါတယ်။ စက်တင်ဘာလ ၁ ရက်က ရန်ကုန်မြို့ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)မှာ ကျင်းပပြုလုပ်တဲ့ မြန်မာနိုင်ငံဗမာတိုင်းရင်းသားလုပ်ငန်းရှင်များအသင်းရဲ့ တတိယအကြိမ်မြောက် နှစ်ပတ်လည်အသင်သားစုံညီ အစည်းအဝေးမှာ တက်ရောက်ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဗမာတိုင်းရင်းသားလုပ်ငန်းရှင်တွေရဲ့ ထုတ်ကုန်တွေကို နိုင်ငံတကာ ပြပွဲတွေမှာ ပါဝင်ပြသနိုင်ဖို့ စီစဉ်ထားပြီး နည်းပညာဆိုင်ရာနဲ့ နိုင်ငံတကာနဲ့ချိတ်ဆက်ပေးနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ အထွေထွေအတွင်းရေးမှူး ဒေါ်ခင်ချောစုဝင်းက ပြောပါတယ်။ နိုင်ငံတကာက လုပ်ငန်းရှင်တွေကို ဖိတ်ကြားပြီးတော့လည်း မြန်မာ-အိန္ဒိယ၊ မြန်မာ-တရုတ် ထုတ်ကုန် ပြပွဲတွေကျင်းပသွားဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။ နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေး အခမ်းအနားမှာ လုပ်ငန်း ၁၈ ခုက ထုတ်ကုန်ပစ္စည်းတွေကို အထူးဈေးနှုန်းနဲ့ ခင်းကျင်းပြသရောင်းချပေးခဲ့တယ်လို့ သိရပါတယ်။ (NVS 003)

03 Sep

ADVERTISE HERE .