“စားအုန်းဆီ လက်ကားရည်ညွှန်းသတ်မှတ်ဈေး ဆက်လက်မြင့်တက်နေ”

03 Sep

စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီမှ ယခုတစ်ပတ်တာအတွက် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို တစ်ပိဿာ ၆၄၉၀ ကျပ်အဖြစ် သတ်မှတ်ထားပါတယ်။ အထက်ပါ ဈေးနှုန်းမှာ စက်တင်ဘာလ ၂ ရက်မှ စက်တင်ဘာ ၉ ရက် အထိ ရောင်းချရမယ့် ရန်ကုန်အထိုင် လက်ကားရည်ညွှန်း ဈေးဖြစ်ပါတယ်။ ယခင်တစ်ပတ်တာ ရည်ညွှန်းစျေး ၆,၃၇၅ ကျပ်ဖြစ်ခဲ့ပြီး ယခုမှာ ၁၁၅ ကျပ် ဆက်လက်မြင့်တက်လာ ခြင်းဖြစ်ပါတယ်။ ပြင်ပစျေးကွက်မှာ စားသုံးဆီဝယ်ယူရန် ခက်ခဲနေဆဲဖြစ်ပြီး တစ်ပိဿာ ကျပ်တစ်သောင်းရှစ်ထောင် မှ နှစ်သောင်းသုံးထောင် နီးပါးရှိလာနေတယ်လို့ သိရပါတယ်။ (NVS 003)

03 Sep

ADVERTISE HERE .