“သမိုင်းဝင်ဆံတော်ရှင်ကျိုက်သုတ်စေတီတော်မြတ်ကြီးရဲ့ (၁၃၉) ကြိမ်မြောက် ဆေးပဋ္ဌာန်းလှူဒါန်းပွဲမှာ သံဃာတော်အပါး ၁၀,၀၀၀ ကျော်အတွက် ဆေးဝါးနှင့်ဝတ္ထုငွေစုစုပေါင်းငွေကျပ်သိန်း ၁,၃၀၀ ကျော်လှူဒါန်း”

03 Sep

မော်လမြိုင်မြို့ရဲ့ ကျက်သရေဆောင် ပဋ္ဌာန်းသမိုင်းဝင်ဆံတော်ရှင် ကျိုက်သုတ်စေတီတော်မြတ်ကြီးမှာ အစဉ်အလာမပျက် လွန်ခဲ့သောနှစ်ပေါင်းတစ်ရာကျော်မှစတင်ကာ ဆေးပဋ္ဌာန်းပူဇော်ပွဲကို နှစ်စဉ်ကျင်းပခဲ့ရာ ယခု (၁၃၉) ကြိမ်မြောက် ဆေးပဋ္ဌာန်းလှူဒါန်းပွဲ အလှူတော်မင်္ဂလာအခမ်းအနားကို စက်တင်ဘာလ ၂ ရက်က စေတီတော် မြတ်ကြီးရဲ့ ဓမ္မာရုံတော်အတွင်းမှာ ကျင်းပခဲ့ရာ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့်တာဝန်ရှိသူများ၊ အလှူရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါတယ်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ကျိုက်သုတ်စေတီတော်မြတ်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကို ဖူးမြော် ကြည်ညိုကာ ပန်း၊ ဆီမီးနှင့် ရေချမ်းတို့ကို ကပ်လှူပူဇော်ခဲ့ကြပြီး (၁၃၉) ကြိမ်မြောက် ဆေးလှူဒါန်းပွဲ အလှူတော် မင်္ဂလာအခမ်းမှာ ဆရာတော်၊ သံဃာတော်များထံ ကျန်းမာရေးအတွက် “အာယုဒါန” ဆေးပစ္စည်းအလှူများနှင့် အလှူတော်ငွေများကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် တာဝန်ရှိသူများ၊ အလှူရှင်များက ဆက်ကပ် လှူဒါန်းခဲ့ကြပါတယ်။ (၁၃၉) ကြိမ်မြောက် ဆေးပဋ္ဌာန်းလှူဒါန်းပွဲကို မွန်ပြည်နယ် ၁၀ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း ပေါင်း ၁၁၀ မှာ သီတင်းသုံးတော်မူသော ဆရာတော်၊ သံဃာတော်အပါး ၁၀,၀၀၀ ကျော်ကို ဆေးဝါးနှင့်ဝတ္ထုငွေ စုစုပေါင်း ငွေကျပ်သိန်း ၁,၃၀၀ ကျော်ကို စေတနာရှင်သဒ္ဓါကြည်လင်ပါရမီရှင်များက သဒ္ဓါထက်သန်စွာ ပါဝင်လှူဒါန်း ခဲ့ကြတယ်လို့ သိရပါတယ်။ (NVS 004)

03 Sep

ADVERTISE HERE .