“ပေါင်းတည်မြို့၌ (၁၂၇)ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော် အပူဇော်ခံပွဲကျင်းပမည်”

02 Sep

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ကိန်းဝပ်စံပယ်လျက်ရှိသော ဗုဒ္ဓမြတ်စွယ်တော်အား ရဟန်းရှင်လူ ပြည်သူများ ဖူးမြော်ကြည်ညိုနိုင်ရန် ဗုဒ္ဓမြတ်စွယ်တော်အပူဇော်ခံပွဲကို အစဉ်အလာမပျက် ကျင်းပသွားမည် ဖြစ်ကြောင်း သိရပါတယ်။ ပေါင်းတည်မြို့နယ် သိကျမုနိမိုဃ်းကောင်းဘုရားကြီးတိုက်၊ ဂန္ဓကုဋိရွှေတိုက်တော်အတွင်း ကိန်းဝပ်စံမြန်း လျက်ရှိတဲ့ ဗုဒ္ဓမြတ်စွယ်တော်အား နှစ်စဉ်ပူဇော်ခံမြဲဖြစ်သော တော်သလင်းလဆန်း ၁၃ ရက်မှ ၁၅ ရက်အထိ သုံးရက်တိုင်တိုင် အပူဇော်ခံသွားမှာဖြစ်ပါတယ်။ ကျင်းပမည့်နေ့ရက်များတွင် နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ ဗုဒ္ဓမြတ်စွယ်တော်အား ရွှေကျောင်းဆောင် အပေါ် ပင့်ဆောင်ထားရှိလျက် အပူဇော်ခံသွားမှာဖြစ်ပြီး ပကတိအတိုင်း ပူဇော်နိုင်ကြစေရန် တော်သလင်းလဆန်း ၁၄ ရက်၊ ၁၅ ရက်တို့တွင် မြတ်စွယ်တော်အား ဖုံးအုပ်ထားသော ရတနာစိန်ကြုတ်တော်ကို ဖွင့်လှစ်အပူခံသွားမှာ ဖြစ်ပါ တယ်။ အဆိုပါ ဗုဒ္ဓမြတ်စွယ်တော်သည် သီဟိုဠ်ကျွန်း(သီရိလင်္ကာနိုင်ငံ)ရှိ ဂေါတမဘုရားစွယ်တော်တစ်ဆူနှင့် ဆက်နွယ်ပတ်သက်ခဲ့ပြီး တန်ခိုးကြီးမြတ်စွယ်တော်ဖြစ်ကြောင်း၊ နှစ်စဉ်ကျင်းပခဲ့သော အပူဇော်ခံပွဲနှင့် မြတ်စွယ် တော်ပွဲသည် မြန်မာနိုင်ငံတွင် ထင်ရှားကျော်ကြားပြီး ယခုနှစ် အပူဇော်ခံပွဲက (၁၂၇)ကြိမ်မြောက်ဖြစ်ကြောင်း သိရပါတယ်။ (NVS-004)

02 Sep

ADVERTISE HERE .