“တစ်ပတ်အတွင်း ငွေကျပ်သိန်းပေါင်း ၁,၄၀၀ ကျော်တန်ဖိုးရှိ စတော့ရှယ်ယာအစောင်ရေ ငါးသောင်းကျော် အရောင်း အဝယ်ဖြစ်ခဲ့”
02 Sepရန်ကုန်မြို့ရှိ ရန်ကုန်စတော့အိတ်ချိန်းတွင် ဩဂုတ်လနောက်ဆုံးပတ် တစ်ပတ်တာကာလအတွင်း ငွေကျပ် သိန်းပေါင်း ၁,၄၀၀ ကျော်တန်ဖိုးရှိ စတော့ရှယ်ယာအစောင်ရေ ငါးသောင်းကျော် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ရန်ကုန်စတော့အိတ်ချိန်းတွင် အများပိုင်ကုမ္ပဏီရှစ်ခုဖြင့် စတော့ရှယ်ယာများကို နေ့စဉ်အရောင်းအဝယ် ပြုလုပ်နေပြီး ဩဂုတ်လ ၂၆ ရက်မှ ၃၀ ရက်အထိ ငွေကျပ် ၁၄၆,၂၉၂,၄၀၀ တန်ဖိုးရှိ စတော့ရှယ်ယာအစောင်ရေ ၅၁,၉၀၅ စောင် အရောင်းအဝယ်ပြုလုပ်နိုင်ခဲ့ကာ FMI ကုမ္ပဏီမှ စုစုပေါင်း ငွေကျပ် ၁၃,၅၄၅,၃၀၀ တန်ဖိုးရှိ စတော့ ရှယ်ယာအစောင်ရေ ၁,၅၂၁ စောင် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ MTSH ကုမ္ပဏီမှ ငွေကျပ် ၅၂,၅၇၇,၉၅၀ တန်ဖိုးရှိ စတော့ရှယ်ယာအစောင်ရေ ၁၅,၀၆၅ စောင် အရောင်း အဝယ်ဖြစ်ခဲ့ပြီး MCB ကုမ္ပဏီမှ ငွေကျပ် ၃၁၃,၉၀၀ တန်ဖိုးရှိ စတော့ရှယ်ယာအစောင်ရေ ၂၄ စောင် အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် FPB ကုမ္ပဏီမှလည်း ငွေကျပ် ၂၈,၉၇၃,၄၀၀ တန်ဖိုးရှိ စတော့ရှယ်ယာအစောင်ရေ ၁၆,၂၈၉ စောင် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင်တစ်ပတ်ကထက် စတော့ရှယ်ယာအစောင်ရေ အရောင်းအဝယ် အနည်းငယ် မြင့်တက်ခဲ့ပါတယ်။ TMH ကုမ္ပဏီမှ ငွေကျပ် ၉,၄၁၆,၄၀၀ တန်ဖိုးရှိ စတော့ရှယ်ယာအစောင်ရေ ၃,၃၆၃ စောင် အရောင်းအဝယ် ဖြစ်ခဲ့ပြီး ယခင်တစ်ပတ်ကထက် စတော့ရှယ်ယာ အစောင်ရေ ၁,၀၀၀ ကျော် အရောင်းအဝယ် မြင့်တက်ခဲ့ကာ EFR ကုမ္ပဏီမှလည်း ငွေကျပ် ၁၂,၉၇၀,၉၀၀ တန်ဖိုးရှိ စတော့ရှယ်ယာအစောင်ရေ ၇,၅၇၀ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင် တစ်ပတ်ကထက် စတော့ရှယ်ယာ အစောင်ရေ ထက်ဝက်ခန့် အရောင်းအဝယ် မြင့်တက်ခဲ့ပါတယ်။ AMATA ကုမ္ပဏီမှ ငွေကျပ် ၆,၂၁၉,၂၀၀ တန်ဖိုးရှိ စတော့ရှယ်ယာအစောင်ရေ ၁,၃၅၂ စောင် အရောင်းအဝယ် ဖြစ်ခဲ့ပြီး စတော့ရှယ်ယာ အစောင်ရေထက်ဝက်ခန့် အရောင်းအဝယ်မြင့်တက်ခဲ့ပါတယ်။ MAEX ကုမ္ပဏီမှ ငွေကျပ် ၂၂,၂၇၅,၃၅၀ တန်ဖိုးရှိ စတော့ရှယ်ယာအစောင်ရေ ၆,၇၁၂ စောင် အရာင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ (NVS-004)