ကုန်စျေးနှုန်းသတင်း ၂.၉.၂၀၂၄

02 Sep

စက်တင်ဘာလ ၂ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲနဲ့ ပဲစင်းငုံနီဈေးတွေကတော့ မြင့်တက်နေပေမယ့် ပဲလွန်းနီနဲ့ ကြက်သွန်နီဈေးတွေကတော့ အနည်းငယ် ကျဆင်းလာပါ တယ်။ ကြက်သွန်ဖြူနဲ့ ပဲအများစုဈေးတွေ ဈေးငြိမ်နေသလို အာလူး၊ ထန်းလျက်နဲ့ သကြားဈေးတွေလည်း‌ ဈေးငြိမ် နေပါတယ်။ မတ်ပဲ(FAQ/RC) တစ်တင်းကို ၁၂‌၉,၁၉၅ ကျပ်၊ မတ်ပဲ(FQ/RC) တစ်တင်းကို ၁၄၂,၈၆၀ ကျပ်၊ မတ်ပဲ(Raw) တစ်ပိဿာကို ၆,၆၈၀ ကျပ်ကနေ ၆,၆၇၀ ကျပ်၊ ပဲစင်းငုံနီ တစ်တင်းကို ၁၆၇,၂၀၀ ကျပ်၊ ပဲတီစိမ်း တစ်ပိဿာကို ၄,၃၃၀ ကျပ်ကနေ ၅,၆၀၀ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၇၃၀ ကျပ်ကနေ ၁,၇၅၀ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၅,၈၃၀ ကျပ်ကနေ ၆,၁၇၀ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာကို ၆,၀၈၅ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၄,၃၄၅ ကျပ်ကနေ ၅,၆၆၅ ကျပ်၊ ပဲလွန်းဖြူ တစ်ပိဿာကို ၄,၅၈၀ ကျပ်ကနေ ၅,၀၀၀ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၃,၀၀၀ ကျပ်ကနေ ၃,၀၃၅ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၆,၇၂၅ ကျပ်ကနေ ၇,၁၀၀ ကျပ်၊ ပဲပုတ်မြစ်ဝကျွန်းပေါ်(ဆီတိုး/အထွက်တိုး) တစ်ပိဿာကို ၆,၀၀၀ ကျပ်ကနေ ၇,၁၇၀ ကျပ်၊ ငရုတ်(ပန်းရဲ) တစ်ပိဿာကို ၆,၀၀၀ ကျပ်ကနေ ၆,၅၀၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာကို ၁,၅၀၀ ကျပ်ကနေ ၂,၃၀၀ ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာကို ၁၈,၀၀၀ ကျပ်ကနေ ၁၈,၃၀၀ ကျပ်၊ အာလူး တစ်ပိဿာကို ၂,၅၀၀ ကျပ်ကနေ ၅၀၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၄,၅၀၀ ကျပ်ကနေ ၅,၆၅၀ ကျပ်၊ သကြား တစ်ပိဿာကို ၄,၆၅၀ မှ ၅,၀၀၀ ကျပ်၊ မန်ကျည်းသီး တစ်ပိဿာကို ၃,၃၀၀ ကျပ်ကနေ ၆,၄၀၀ ကျပ်၊ ငါးမြှားနီ တစ်ပိဿာကို ၅,၅၀၀ ကျပ်ကနေ ၆,၀၀၀ ကျပ်၊ ငါးကွမ်းရှပ် တစ်ပိဿာကို ၄၀,၀၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၆ ကျပ်နဲ့ စင်ကာပူ တစ်ဒေါ်လာကို မြန်မာငွေ ၁,၆၁၆ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက်ဈေးအရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၅,၇၀၀ ကျပ်နဲ့ စင်ကာပူ တစ်ဒေါ်လာကို မြန်မာငွေ ၄,၂၂၀ ကျပ် ဖြစ်နေတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD) ၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၃,၁၀၀ ကျပ်၊ မန္တလေးမှာ ၃,၁၈၅ ကျပ်၊ နေပြည်တော်မှာ ၃,၁၆၀ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၃,၂၄၀ ကျပ်၊ မန္တလေးမှာ ၃,၃၂၀ ကျပ်၊ နေပြည်တော်မှာ ၃,၂၉၅ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၆၅၅ ကျပ်၊ မန္တလေးမှာ ၂,၇၃၅ ကျပ်၊ နေပြည်တော်မှာ ၂,၇၁၀ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၃,၂၉၅ ကျပ်၊ မန္တလေးမှာ ၃,၃၈၀ ကျပ်၊ နေပြည်တော်မှာ ၃,၃၅၅ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၅,၀၄၆,၁၇၀/-) ငါးဆယ် လေးသောင်း ခြောက်ထောင် တစ်ရာ ခုနစ်ဆယ်ကျပ် ရှိပြီး ပြင်ပပေါက်ဈေးမှာ ကျပ်သိန်း (၇,၂၀၀,၀၀၀ိ/-) ခုနစ်ဆယ် နှစ်သိန်းကျပ် ရှိနေတယ်လို့ သိရပါတယ်။

02 Sep

ADVERTISE HERE .