“ငါးပတ်ခန့်အနားယူရတော့မယ့် မေဆန်မောင့်”

02 Sep

မန်ယူကွင်းလယ်ကစားသမား မေဆန်မောင့် ဟာ ပြီးခဲ့တဲ့ ဘရိုက်တန်အသင်းနဲ့ပွဲစဉ်မှာ ရရှိခဲ့တဲ့ ကြွက်သားဒဏ်ရာကြောင့် လေးပတ်မှ ငါးပတ်ခန့်အထိ အနားယူရတော့မယ်လို့ သိရပါတယ်။ ယခုအခါ မေဆန်မောင့်က ကြွက်သားဒဏ်ရာရရှိခဲ့ပြီး ရက်သတ္တပတ်အနည်းငယ် အနားယူရမည်ဖြစ်ကြောင်း ၎င်း၏ Instagram မှာ အတည်ပြုပြောကြားခဲ့တာ ဖြစ်ပါတယ်။ မေဆန်မောင့် ဟာ အခုကြွက်သားဒဏ်ရာကြောင့် လေးပတ်မှ ငါးပတ်ခန့်အထိ အနား ယူရမည်ဖြစ်ကြောင်း ဖော်ပြခဲ့ခြင်း ဖြစ်ပါတယ်။ အသက် ၂၅ နှစ်အရွယ်ရှိပြီးဖြစ်တဲ့ မေဆန်မောင့် က ၂၀၂၃ နွေရာသီအပြောင်းအရွှေ့စျေးကွက်မှာ ချဲလ်ဆီး အသင်းမှ မန်ယူအသင်းသို့ ပေါင်သန်း ၆၀ နဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး မန်ယူအသင်းမှာ ဒဏ်ရာပြဿနာများနှင့် ရင်ဆိုင်ခဲ့ရတာကြောင့် ပြီးခဲ့တဲ့ရာသီမှာ ပြိုင်ပွဲစုံပွဲ ၂၀ သာပါဝင်ကစားနိုင်ခဲ့ပြီး သွင်းဂိုး တစ်ဂိုး သွင်းယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ (NVS 008.)

02 Sep

ADVERTISE HERE .