“နိုင်ငံတကာလက်ဝှေ့အဖွဲ့ချုပ်(IBF) ချန်ပီယံလုပွဲမှာ ပရိသတ်စံချိန်တင်နိုင်ဖွယ်ရှိ”

02 Sep

လာမယ့်စက်တင်ဘာလ ၂၁ ရက် ဗြိတိန်နိုင်ငံ ဝင်ဘလေကွင်းမှာ နိုင်ငံတကာလက်ဝှေ့အဖွဲ့ချုပ်(IBF) ချန်ပီယံ ခါးပတ်အတွက် ဗြိတိန်လက်ဝှေ့သမားနှစ်ဦးဖြစ်တဲ့ အန်သိုနီဂျိုရှူအာနှင့် ဒန်နီယဲလ်ဒူဘွာ တို့ပွဲစဉ်ဟာ ဗြိတိန်လက်ဝှေ့ သမိုင်းမှာ ပရိသတ်စံချိန်တင်မယ့် အနေအထား ရှိနေတယ်လို့ သိရပါတယ်။ အဆိုပါလက်ဝှေ့ပွဲစီစဉ်တဲ့ His Excellency အဖွဲ့အစည်းမှ အကြီးအကဲတာကီအလာရှစ်က ပွဲအတွက် လက်မှတ်အားလုံး ရောင်းကုန်သွားပြီဖြစ်ကြောင်း ပြီးခဲ့တဲ့အပတ်ကအတည်ပြုခဲ့ပါသော်လည်း ယင်းပွဲအတွက် ကွင်းဝင်ဆံ့ဦးရေ တိုးချဲ့သွားရန် တင်ပြထားကြောင်း သိရပါတယ်။ ဝင်ဘလေကွင်းမှာ ပရိသတ်အများဆုံးအဖြစ် စံချိန်တင်ထားတဲ့ လက်ဝှေ့ပွဲမှာ ၂၀၂၁ ခုနှစ်က တိုင်ဆန်ဖျူရီနှင့် ဒယ်လီယန်ဝှိုက်တို့ ထိုးသတ်ခဲ့တဲ့ပွဲဖြစ်ပြီး ပရိသတ် ၉၄,၀၀၀ ဦး လာရောက်ကြည့်ရှုခဲ့ကြပါတယ်။ ဂျိုရှူအာ ကိုယ်တိုင်မှာလည်း ဝလာဒီမာ ကလစ်ရှ်ကို ကို ဝင်ဘလေကွင်းမှာပဲ ပရိသတ် ၉၀,၀၀၀ ဦးရှေ့၌ အနိုင်ယူခဲ့တာလည်း ဖြစ်ပါတယ်။ ဂျိုရှူအာ အနေနဲ့ ၃၁ ပွဲမှာ ၂၈ပွဲ အနိုင်ရကာ ၂၅ ပွဲ အလဲထိုးနိုင်ခဲ့ပြီး ၃ ပွဲ ရှုံးနိမ့်ခဲ့ထားပါတယ်။ ဒူဘွာ ကတော့ ၂၃ပွဲ မှာ ၂၁ ပွဲအနိုင်ရကာ ပွဲ ၂၀ အလဲထိုးနိုင်ခဲ့ပြီး ၂ ပွဲ ရှုံးနိမ့်ထားပါတယ်။ ဒူဘွာ အနေနဲ့ ပြီးခဲ့တဲ့နှစ် သြဂုတ်လ ၂၃ ရက် က ချန်ပီယံ အူဆိုက်နှင့် ထိုးသတ်ခဲ့ဖူးပြီး ၉ ချီမှာ အလဲထိုးခံရကာ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ (NVS 008)

02 Sep

ADVERTISE HERE .