“အသင်းရဲ့ကစားသမားစာရင်းမှ ထုတ်ပယ်ခံထားရတဲ့ အိုစီမန်”

02 Sep

နာပိုလီအသင်းက အသင်းနဲ့အဆင်မပြေဖြစ်နေတဲ့ တိုက်စစ်မှူး အိုစီမန် ကို အီတလီစီးရီးအေပြိုင်ပွဲအတွက် အသင်းကစားသမားစာရင်းမှ ထုတ်ပယ်ခဲ့တဲ့အတွက် အိုစီမန် အနေနဲ့ အီတလီစီးရီးအေပြိုင်ပွဲတွင် ရာသီဝက်ကစားခွင့် ရရှိတော့မှာမဟုတ်ကြောင်း သိရပါတယ်။ နာပိုလီအသင်းက အိုစီမန် နဲ့ ၂၀၂၆ ခုနှစ်ထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးတာဖြစ်ပြီး ယခုနှစ်နွေရာသီ အပြောင်းအရွှေ့မှာ အိုစီမန် ကိုရောင်းချပြီး အသုံးစရိတ်ရှာဖွေရန် ကြိုးပမ်းမှုခဲ့ပြီး ဆော်ဒီကလပ် အယ်လ်အာလီ အသင်းနဲ့ ဆက်သွယ်ခဲ့တာဖြစ်ပါတယ်။ အိုစီမန် ရဲ့ အပြောင်းအရွှေ့အတွက် ကလပ်အသင်းနှစ်ခုကြား သဘောတူညီမှု ရခဲ့ပေမယ့် အိုစီမန် ကိုယ်တိုင်က ငြင်းပယ်ခဲ့တာကြောင့် အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ရပါတယ်။ ဒါ့ကြောင့် နာပိုလီအသင်းက အသင်းပြောင်းရန်ငြင်းပယ်ခဲ့တဲ့ အိုစီမန် ကို စီးရီးအေပြိုင်ပွဲမှာ အသင်းရဲ့ ကစားသမားစာရင်းကနေ ထုတ်ပယ်ခဲ့ပြီး ရာသီဝက်ကစားခွင့် ဆုံးရှုံးခဲ့ရကာ အသင်းနဲ့ဆက်လက်ဆွေးနွေးမှုများ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ကစားသမားစာရင်းက ချန်လှပ်ခံခဲ့ရပြီးနောက် အိုစီမန် ရဲ့ကျောနံပါတ်ကိုလည်း အသစ်ပြောင်းရွှေ့လာတဲ့ လူကာကူ ထံ ပေးအပ်ခဲ့ကြောင်း သိရပါတယ်။ (NVS 008)

02 Sep

ADVERTISE HERE .