“ASEAN-Korea Youth Summit တက်ရောက်ခွင့် မြန်မာလူငယ်များလျှောက်ထားနိုင်”

02 Sep

တောင်ကိုးရီးယားနိုင်ငံရောက်ရှိနေတဲ့ မြန်မာလူငယ်များအနေနဲ့ ASEAN-Korea Youth Summit တက်ရောက်ခွင့် လျှောက်ထားနိုင်ကြောင်း ဆိုးလ်မြို့ရှိ၊ မြန်မာသံရုံးက အသိပေးကြေညာထားပါတယ်။ ASEAN-Korea Youth Summit ကို နိုဝင်ဘာလ ၅ ရက် တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပမည်ဖြစ်ပြီး တက်ရောက်ကြမည့် မြန်မာလူငယ်များအနေနဲ့ စက်တင်ဘာလ ၈ ရက်နောက်ဆုံးထား လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။ တောင်ကိုးရီးယားနိုင်ငံရှိ တက္ကသိုလ် သို့မဟုတ် မဟာဘွဲ့သင်တန်းတက်ရောက်နေတဲ့ မြန်မာနိုင်ငံသား ကျောင်းသား၊ ကျောင်းသူများအနေနဲ့ အဆိုပါ ညီလာခံတက်ရောက်ခွင့်ကို လျှောက်ထားနိုင်ပြီး လျှောက်ထားသူ များထဲမှ ၅ ဦးကို ရွေးချယ်တက်ရောက်ခွင့်ပြုပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ တက်ရောက်ခွင့်လျှောက်လွှာများကို [email protected] သို့ပေးပို့လျှောက်ထားနိုင်တယ်လို့ အသိပေး ကြေညာထားပါတယ်။ (NVS 003)

02 Sep

ADVERTISE HERE .