“(၂၅) ကြိမ်မြောက် နယ်စပ်ကုန်သွယ်ရေးနှင့် ခရီးသွားလာရေးကုန်စည်ပြပွဲ The 25th Border Trade and Tourism Fair ပြပွဲ ကျင်းပပြုလုပ်မည်”

02 Sep

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ စစ်ဆောင်ပန်နားပြည်နယ်ခွဲ၊ jinghong မြို့တွင် (၂၅) ကြိမ်မြောက် နယ်စပ်ကုန်သွယ်ရေးနှင့် ခရီးသွားလာရေးကုန်စည်ပြပွဲ The 25th Border Trade and Tourism Fair ပြပွဲကို အောက်တိုဘာလ ၁ ရက်ကနေ‌ ၇ ရက်အထိ ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ကနေ သိရပါတယ်။ ပြပွဲကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်မှာ တရုတ်-လာအို-မြန်မာ-ထိုင်း လေးနိုင်ငံ၊ နယ်နိမိတ် ၉ ခု ပူးပေါင်း ဆောင်ရွက်မှုယန္တရား အစည်းအဝေးကို စတင်အကောင်အထည်ဖော်ချိန်မှစတင်၍ နိုင်ငံအားလုံးသည် ခရီးသွား လုပ်ငန်း၊ စီးပွားရေး၊ ကုန်သွယ်မှုနှင့် အခြားကဏ္ဍများတွင် အပြန်အလှန်ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းလာစေရန်ဖြစ်ပြီး နှစ်နိုင်ငံကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် နယ်စပ်တလျှောက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု တို့ကို မြှင့်တင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်ပါတယ်။ အထက်ပါ ပြပွဲတွင် မြန်မာနိုင်ငံ၊ ကျိုင်းတုံမြို့မှ ပြခန်း ၅ ခန်း အခမဲ့ခင်းကျင်းပြသနိုင်ကြောင်း၊ ဒါ့အပြင် ကျိုင်းတုံမြို့ရှိ ကုမ္ပဏီများအနေဖြင့် ပြခန်းပိုမိုရရှိလိုပါက ပြခန်းစီစဉ်သူများနှင့် ညှိနှိုင်းနိုင်ကြောင်း၊ ကုန်စည်ပြပွဲသို့ ပါဝင်ပြသနိုင်ရေးအတွက် ကျိုင်းတုံမြို့မှ သက်ဆိုင်ရာစီးပွားရေးဌာနအနေဖြင့် ကိုယ်စားလှယ်များ ဖွဲ့စည်းပေးစေလို ကြောင်း၊ ပြပွဲတွင် ပါဝင်ပြသမည့် ကိုယ်စားလှယ်များအနေနဲ့ ခရီးသွားလာစရိတ်အပါအဝင် နေထိုင်စားသောက်စရိတ် တို့ကို မိမိစရိတ်ဖြင့် ကျခံရမှာဖြစ်ကြောင်း သိရပါတယ်။ (NVS 003)

02 Sep

ADVERTISE HERE .