အန်တိုနီ နဲ့ အဲရစ်ဆင် တို့အား အငှားစာချုပ်ဖြင့် ဘက်တစ်အသင်းက ကမ်းလှမ်းမှုကို မန်ယူအသင်းပယ်ချ

01 Sep

ဘက်တစ်အသင်းက မန်ယူအသင်းမှ ကွင်းလယ်ကစားသမား အဲရစ်ဆင် နဲ့ တောင်ပံကစားသမား အန်တိုနီ တို့ကို တစ်ရာသီအငှားစာချုပ်ဖြင့် ခေါ်ယူရန်ကမ်းလှမ်းခဲ့မှုကို မန်ယူအသင်းက ပယ်ချခဲ့တာ ဖြစ်ပါတယ်။ ဘက်တစ်အသင်းအနေနဲ့ အပြောင်းအရွှေ့ကာလ နောက်ဆုံးရက်တွင် အန်တိုနီ နဲ့ အဲရစ်ဆင် တို့နှစ်ဦးလုံးကို အငှားစာချုပ်ဖြင့် တစ်ပြိုင်နက်တည်း ကမ်းလှမ်းခဲ့ပေမယ့် အန်တိုနီ ကိုယ်တိုင်က ပြောင်းရွှေ့မည့်အစီအစဉ်ကို ပယ်ချခဲ့သည့်အပြင် မန်ယူအသင်းကလည်း ကစားသမားနှစ်ဦးလုံးကို အသင်းတွင် ဆက်လက်ထိန်းသိမ်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။ ဘက်တစ်အသင်းက နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလမှာ ကစားသမားခေါ်ယူမှု အများအပြား လုပ်ဆောင်ခဲ့ပြီး စပါးအသင်းမှ အငှားစာချုပ်ဖြင့် ခေါ်ယူထားသည့် လိုဆယ်ဆို ကို အပြီးသတ်ခေါ်ယူနိုင်ခဲ့သလို ဘာစီလိုနာအသင်းမှ လူငယ်ကစားသမား ဗစ်တာရိုကွီ၊ နာပိုလီအသင်းမှ နေတန်၊ အယ်မာရီယာအသင်းမှ ဆန်ကာ တို့ကို အငှားစာချုပ်များဖြင့် ခေါ်ယူခဲ့ကာ ကလပ်အသင်းလက်မဲ့ဖြစ်နေတဲ့ ဝါရင့်ကစားသမား ရိုဒရီဂွက်ဇ် ကိုလည်း ခေါ်ယူခဲ့တာဖြစ်ပါတယ်။(NVS 008)

01 Sep

ADVERTISE HERE .