တိုနေး ကို အယ်လာလီအသင်းထံ ရောင်းချခဲ့ကြောင်း ကြေညာခဲ့တဲ့ ဘရန့်ဖို့ဒ်အသင်း
01 Sepဘရန့်ဖို့ဒ်အသင်းက အသင်းရဲ့အဓိကတိုက်စစ်မှူး တိုနေး ကို ဆော်ဒီကလပ် အယ်အာလီအသင်းထံသို့ ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း ၄၀ ဖြင့် ရောင်းချခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ တိုက်စစ်မှူး တိုနေး ကို ပရီးမီးယားလိဂ်ကလပ်အသင်းများဖြစ်တဲ့ အာဆင်နယ်၊ ချဲလ်ဆီးနဲ့ မန်ယူအသင်းတို့က ကာလရှည်စိတ်ဝင်စားနေခဲ့သော်လည်း တရားဝင်ကမ်းလှမ်းမှု မပြုလုပ်ခဲ့တာကြောင့် ဆော်ဒီကလပ် အယ်အာလီ အသင်းက ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း ၄၀ ဖြင့် ကမ်းလှမ်းခဲ့ရာ ဘရန့်ဖို့ဒ်အသင်းက သဘောတူညီခဲ့တာ ဖြစ်ပါတယ်။ ဘရန့်ဖို့ဒ်အသင်းနည်းပြ သောမတ်ဖရန့် က တိုနေး ကို အသင်းတွင် စာချုပ်သက်တမ်းတိုး၍ ဆက်လက် ထိန်းသိမ်းရန် ကြိုးပမ်းခဲ့သော်လည်း ကစားသမားကိုယ်တိုင်က သက်တမ်းတိုးရန် ဆန္ဒမရှိခဲ့လို့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့ချိန်မှာ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာခွင့်မပြုနိုင်လို့ အခုလို ပြောင်းရွှေ့ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။(NVS 008)