အာဆင်နယ်အသင်းက စတားလင်း ကို အငှားစာချုပ်ဖြင့်ခေါ်ယူ

01 Sep

အာဆင်နယ်အသင်းက ချဲလ်ဆီးအသင်း တိုက်စစ်ကစားသမား စတားလင်း ကို အပြောင်းအရွှေ့မပိတ်သိမ်းမီ အငှားစာချုပ်ဖြင့် ခေါ်ယူနိုင်ခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ချဲလ်ဆီးအသင်း နည်းပြ မာရက်စ်ကာ က စတားလင်း အနေနဲ့ ၎င်းရဲ့စီမံကိန်းမှာ ပါဝင်ခြင်းမရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီးနောက် ချဲလ်ဆီးအသင်းက မန်ယူအသင်းမှ ဆန်ချို နဲ့ အလဲအထပ်ပြုလုပ်ရန် ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။ ကစားသမားအနေနဲ့ အာဆင်နယ်အသင်းသို့သာ ပြောင်းရွှေ့ရန်ဆုံးဖြတ်ခဲ့ပြီး အငှားစာချုပ်နဲ့ ရောက်ရှိခဲ့ ပါတယ်။ ကလပ်အသင်းနှစ်ခုကြား သဘောတူညီချက်တွင် တစ်ရာသီအငှားစာချုပ်မှာ အပြီးသတ်ဝယ်ယူခွင့် မပါရှိလို့ စတားလင်း နဲ့ ချဲလ်ဆီးအသင်းတို့ရဲ့ အနာဂတ်မှာ အဆုံးသတ်မဟုတ်သေးသလို စတားလင်း အနေနဲ့ လက်ရှိရရှိနေတဲ့ တစ်ပတ်လုပ်ခ စတာလင်ပေါင် ၃၂၅,၀၀၀ ကို လျှော့ယူရန် သဘောတူခဲ့ရပါတယ်။ စတားလင်း အနေနဲ့ တောင်ပံတိုက်စစ်ပိုင်းမှာ မာတင်နယ်လီ၊ ထရောက်ဆက်၊ ဆာကာ တို့နဲ့အတူ ပွဲထွက်ခွင့်ယှဉ်ပြိုင်ရမှာဖြစ်ပြီး အပြောင်းအရွှေ့ကိစ္စ ပြီးပြတ်မှုမရှိသေးလို့ ယခုတစ်ပတ်အတွင်း ကစားရမည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ပါဝင်နိုင်မည်မဟုတ်ကြောင်း သိရပါတယ်။(NVS 008)

01 Sep

ADVERTISE HERE .