ဘယ်လ်ဂျီယံ လက်ရွေးစင်အသင်း ကစားသမားစာရင်းမှ ချန်လှပ်ခံရတဲ့ လူကာကူ

01 Sep

စက်တင်ဘာလအတွင်း UEFA နေရှင်းလိဂ်ပွဲစဉ်များအတွက် ကစားသမားစာရင်း ထုတ်ပြန်ခဲ့ရာ ဘယ်လ်ဂျီယံ အသင်းက ဝါရင့်တိုက်စစ်မှူး လူကာကူ ဟာ အသင်းလူစာရင်းမှ ချန်လှပ်ခြင်းခံခဲ့ရပါတယ်။ တိုက်စစ်မှူး လူကာကူ အနေနဲ့ ဘယ်လ်ဂျီယံအသင်းအတွက် ပြိုင်ပွဲစုံ ၁၁၉ ပွဲတွင် သွင်းဂိုး ၈၅ ဂိုးအထိ သွင်းယူ နိုင်ခဲ့လို့ အသင်းသမိုင်းမှာ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားနဲ့ ၂၀၂၄ ယူရိုပြိုင်ပွဲတို့မှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ ယူရို ၂၀၂၄ ပြိုင်ပွဲတွင် ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့ဘဲ အသင်းအနေနဲ့ ၁၆ သင်း ရှုံးထွက်အဆင့်မှ ထွက်ခွာခဲ့ရပြီးနောက် လာမည့်နေးရှင်းလိဂ်ပြိုင်ပွဲ၌ အသင်းလူစာရင်းမှ ချန်လှပ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။ ဘယ်လ်ဂျီယံအသင်းက UEFA နေရှင်းလိဂ်ပွဲစဉ်များအဖြစ် စက်တင်ဘာလ ၇ ရက်တွင် အစ္စရေးအသင်း၊ စက်တင်ဘာလ ၁၀ ရက်တွင် ပြင်သစ်အသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။ (NVS 008)

01 Sep

ADVERTISE HERE .