(၂၅၈၈)ကြိမ်မြောက် မကွေးမြသလွန် စေတီတော် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပမည်

01 Sep

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ရှိ ရှေးဟောင်းသမိုင်းဝင် မြသလွန်စေတီတော်မြတ်ကြီးရဲ့ (၂၅၈၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ရက် ၂၀ ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း မြသလွန်စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပက အဖွဲ့ထံမှ သိရပါတယ်။ ရှေးဟောင်းသမိုင်းဝင် မြသလွန်စေတီတော်မြတ်ကြီးရဲ့ ဗုဒ္ဓပူဇနိယပွဲတော်ကို လာမည့် အောက်တိုဘာလ ၁၂ ရက်မှစတင်၍ အောက်တိုဘာလ ၃၁ ရက်အထိ ဈေးဆိုင်ခန်းများ၊ ဖျော်ဖြေရေးအစီအစဉ်များ ထည့်သွင်းကျင်းပ သွားမှာဖြစ်ပါတယ်။ ပွဲတော်တွင် ဈေးရောင်းချလိုသူများ၊ ဇာတ်၊ အငြိမ့်၊ ဘားဆပ်ကပ် တင်ဆက်ကပြလိုသူများအနေနဲ့ စက်တင်ဘာလ ၁၅ ရက်နောက်ဆုံးထား၍ မြသလွန်စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ထံသို့ ဆက်သွယ် အသိပေးရန် ကြေညာထားပါတယ်။ မြသလွန်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်တွင် အောက်တိုဘာလ ၂၄ ရက်မှ နိုဝင်ဘာလ ၁၂ ရက်အထိ ကျင်းပခဲ့ရာ အနယ်နယ် အရပ်ရပ်မှာ ဘုရားဖူးပြည်သူများ လာရောက်ခဲ့ကြောင်း သိရပါတယ်။(NVS 008)

01 Sep

ADVERTISE HERE .