ကျောက်ပွင့်ရဲ့ ကျန်းမာရေး ကောင်းကျိုးတွေ

29 Aug

ဒီနေ့ည ၈နာရီမှာတော့ Novel Star Pageရဲ့ ကျန်းမာရေးကဏ္ဍကနေ ကျောက်ပွင့်ရဲ့ ကျန်းမာရေး ကောင်းကျိုးတွေအကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ ကျောက်ပွင့်ကို တရုတ်တွေက ရိုးရာဆေးဝါးအဖြစ်သုံးတတ် ကြပါတယ်။ ဟင်းချက်ရာမှာလည်း ထည့်သုံးတတ်ပါတယ်။ ကျောက်ပွင့်ကို Tremella Mushrooms လို့ခေါ်ပြီး ခုခံအားစနစ်ကို မြင့်တင်ပေးပြီး ကင်ဆာရောဂါကိုလည်း ကာကွယ်နိုင်ပါတယ်။ အသားအရေကောင်းစေပြီး အရွယ်တင် နုပျိုစေပါတယ်။ ကျောက်ပွင့်က အရေပြားကိုကြည်လင်စေပါတယ်။ ရေဓာတ်ပြည့်ဝပြီး သင့်အရေပြားကိုအရွယ်တင်နုပျိုးစေပါတယ်။ ဒါ့အပြင် ဗီတာမင်ဒီကြွယ်ဝစွာပါဝင်တာကြောင့် အရေပြားအတွက်အထူးကောင်းမွန်စေပါတယ်။ အရိုးသန်မာစေပြီး အင်ဆူလင်တွေကိုထိန်းချုပ်ပေးနိုင်ပါတယ်။ ခုခံအားတိုးစေပြီး ဦးနှောက်ကျန်းမာရေးကို ကူညီပေးပါတယ်။ အာရုံကြောလည်း ကောင်းမွန်စေပါတယ်။ နောက်ပြီးတော့ မရှိမဖြစ်လိုအပ်တဲ့ ပရိုတင်းဓာတ် ၁၈မျိုးပါဝင်ပါတယ်။ ဗီတာမင်၊ သတ္တုဓာတ်တွေ ပါဝင်ပြီး ခုခံအားတိုးစေတဲ့ polysaccharidesလည်း ပါဝင်ပါတယ်။ ကြွက်တွေမှာ လေ့လာချက်အရ ကျောက်ပွင့်ကို စားတဲ့ အခါနှစ်ပတ်အတွင်းမှာ သင်ယူလေ့လာနိုင်စွမ်းတိုးလာပြီး မှတ်ဉာဏ်အားကောင်းလာတာကို ပြသနိုင်ခဲ့ပါတယ်။ ကျောက်ပွင့်မှိုစားခြင်းက အသည်းမှာ ကိုလက်စထရောလျော့ကျစေပြီး နှလုံးရောဂါဖြစ်ပွားခြင်းကိုကာကွယ်ပေးနိုင်ပြီး လေဖြတ်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ သွေးထဲကသကြားဓာတ်ကိုလျော့ကျစေပြီး ဆီးချိုသွေးချိုရောဂါကို ထိန်းချုပ်ပေးဖို့ကူညီနိုင်ပါတယ်။ အသည်းမှာ ကလူးကိုစ့်တွေပိုပြီးစုပ်ယူဖို့ ကူညီနိုင် သွေးထဲကသကြားဓာတ်ကိုလျော့ကျဖို့ ကူညီပေးပါတယ်။ ကျောက်ပွင့်မှာ အရေပြားနဲ့ ခန္ဓာကိုယ်ရောင်ရမ်းခြင်းကို ကာကွယ်ပေးနိုင်တဲ့ဓာတ်တွေပါဝသ်တာကြောင့် အရေပြားမှာ ဓာတ်မတည့်မှု ဖြစ်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ ခန္ဓာကိုယ်ရောင်ရမ်းခြင်းမှလည်း ကူညီပေးပါတယ်။ ဒါ့အပြင် ကိုလက်စထရော တွေလျော့ကျစေတဲ့အတွက် အသည်းကိုထိခိုက်ခြင်း၊ ရောင်ရမ်းခြင်းကိုလည်း လျော့ကျစေပါတယ်။ ကယ်လဆီယမ် စုပ်ယူမှု မြင့်မားစေတဲ့အတွက် အရိုးပွခြင်းဖြစ်ပေါ်မှုကို ကာကွယ်ဖို့ကူညီပေးနိုင်ပါတယ်။ အစာအိမ်ထဲက ဂတ်စ်တွေထုတ်လုပ်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ အစာအိမ်နာခြင်းကိုကာကွယ်ပေးပြီး အူထဲက အစာခြေရည်ထုတ်လုပ်ပေးတဲ့ ဘက်တီးရီးယားလေးတွေကို ပေါက်ပွားစေတဲ့အတွက် အစာချေဖို့အဆင်ပြေစေ ပါတယ်။ ဝမ်းချုပ်ခြင်းကိုလည်း သက်သာစေပါတယ်။ သွေးကြောတွေရောင်ရမ်းခြင်း၊ သွေးလွှတ်ကြောတွေမာခြင်းကို ကာကွယ်ဖို့ကူညီပေးနိုင်ပါတယ်။ သွေးဖိအားလျော့ကျစေပြီး သွေးလှည့်ပတ်မှုကို ပိုကောင်းစေပါတယ်။ (NVS 003)

29 Aug

ADVERTISE HERE .