မုန်လာဥနီဖျော်ရည်ရဲ့ သောက်ခြင်းရဲ့ ကျန်းမာရေး ကောင်းကျိုးများ

24 Aug

ဒီနေ့ည ၈ နာရီမှာတော့ Novel Star Page ရဲ့ ကျန်းမာရေးကဏ္ဍကနေ မုန်လာဥနီဖျော်ရည် သောက်ခြင်းရဲ့ ကျန်းမာရေးကောင်းကျိုးများအကြောင်းကို ပြောပြသွားမှာဖြစ်ပါတယ်။ မုန်လာဥနီမှာ မရှိမဖြစ် အင်ဇိုင်းတွေ၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ စတဲ့ အာဟာရဓာတ်တွေ အပြည့်အ၀ ပါဝင်နေပါတယ်။ အမျှင်ဓာတ်၊ ဗီတာမင် B1၊ B2၊ B6၊ ဗီတာမင် C၊ ဗီတာမင် K၊ ဘိုင်အိုတင်၊ Phosphide၊ ဆိုဒီယမ်၊ ပိုတက်စီယမ်နဲ့ သိုင်ယာမင်းဓာတ် တို့လည်း အများအပြား ပါ၀င်ပါတယ်။ မုန်လာဥနီမှာပါဝင်တဲ့ Vitamin A က မျက်လုံးကို အားကောင်းစေပါတယ်။ ဒါ့အပြင် Vitamin A ပါလို့ အသားရေလှစေရုံသာမက နေလောင်ဒဏ်ကိုပါ ပျောက်ကင်းစေပါတယ်။ အသားအရေလှစေပြီး အရေပြား တွန့်တာကိုလည်း ကာကွယ်ပေးပါတယ်။ မုန်လာဥနီဖျော်ရည်သောက်ခြင်းက နှလုံးရောဂါဖြစ်နိုင်ချေကို လျော့နည်းစေပါတယ်။ ဒါ့အပြင် ကင်ဆာ ရောဂါတွေကိုလည်း ပျောက်ကင်စေနိုင်ပါတယ်။ အူမကင်ဆာ၊ ရင်သားကင်ဆာ စတာတွေကို ကာကွယ် ပေးပါတယ်။ အသည်းကိုလည်း အားကောင်းစေပါတယ်။ အသည်းမှာရှိတဲ့ အဆိပ်တွေကို သန့်စင်စေပါတယ်။ ဒါ့အပြင် ကိုလက်စထရော လျော့ကျစေနိုင်ပါတယ်။ ဖိုက်ဘာဓာတ်ကြွယ်ဝတာကြောင့် မလိုအပ်တဲ့ အဆီပိုတွေကျဆင်းစေပါတယ်။ အားလည်း ပြန်ပြည့်စေပါတယ်။(NVS 003)

24 Aug

ADVERTISE HERE .