ပင်လယ်ရေမှော်ရဲ့ကျန်းမာရေး ကောင်းကျိုးတွေ

10 Aug

ဒီနေ့ည ၈ နာရီမှာတော့ Novel Star Page ရဲ့ ကျန်းမာရေးကဏ္ဍကနေ ပင်လယ်ရေမှော်ရဲ့ကျန်းမာရေး ကောင်းကျိုးတွေ အကြောင်းကို ပြောပြသွားမှာဖြစ်ပါတယ်။ ပင်လယ်ရေမှော်မှာ ဗီတာမင် A၊ C၊ E၊ carotenoids နဲ့ flavonoids ကဲ့သို့သော antioxidants ဓာတ်တွေ ပါဝင်ပါတယ်။ အဲဒီ antioxidants တွေဟာ ခန္ဓာကိုယ်ထဲက ဆဲလ်တွေပျက်စီးခြင်းမှ ကာကွယ်ပေးပါတယ်။ ကျန်းမာရေးကျွမ်းကျင်သူတွေနဲ့ လေ့လာမှုတွေအရ ပင်လယ်ရေမှော်မှာ Fucoxanthin ကဲ့သို့ antioxidants ဓာတ်တွေပါဝင်မှုဟာ ကိုယ်ခံစွမ်းအားနဲ့ ဆဲလ်တွေ ပြန်လည်ရှင်သန်မှုကို တိုးတက်ကောင်းမွန် စေရန် ကူညီပေးနိုင်ပါတယ်။ ပင်လယ်ရေမှော်စားသုံးခြင်းက Covid-19(SARS-COV-2) ကဲ့သို့သော ဗိုင်းရပ်စ်ကူးစက်မှုရဲ့ အကျိုးသက်ရောက်မှုကို လျော့နည်းစေကြောင်းလည်း တွေ့ရှိခဲ့ပါတယ်။ ပင်လယ်ရေမှော်က နှလုံးကျန်းမာရေးအတွက်လည်း ကောင်းမွန်ပါတယ်။ ပင်လယ်ရေမှော်တွေ စားသုံးခြင်းက နှလုံးကျန်းမာရေးကို မြှင့်တင်ပေးတဲ့ သွေးတွင်းသကြားဓာတ်ကို မြင့်မားခြင်းနဲ့ သွေးပေါင်ချိန် မြင့်မားခြင်းကိုလည်း လျှော့ချရာမှာ အထောက်အကူဖြစ်စေပါတယ်။ ပင်လယ်ရေမှော်မှာ အိုမီဂါ-၃ ဖက်တီး အက်ဆစ်ပါဝင်မှုက မကောင်းတဲ့ကိုလက်စထရောတွေကို လျှော့ချပေးပြီး နှလုံးကျန်းမာရေးကို ကောင်းမွန် စေပါတယ်။ ပင်လယ်ရေမှော်မှာ prebiotics၊ fibers နဲ့ antioxidants ဓာတ်တွေ ပါဝင်တာကြောင့် ဆီးချိုရောဂါကို လျှော့ကျရာမှာ အထောက်အကူဖြစ်စေပါတယ်။ ဒါ့အပြင် Carotenoid, Fucoxanthin ကဲ့သို့သော အပင်ဓာတ်ပေါင်းတွေနဲ့ antioxidantsဓာတ်တွေ ပါဝင်မှုဟာ သွေးတွင်းသကြားဓာတ် ပမာဏကို ထိန်းညှိ ပေးပါတယ်။ နောက်ပြီးတော့ ပင်လယ်ရေမှော်မှာ အမျှင်ဓာတ်ပါဝင်မှု မြင့်မားတာကြောင့် insulin ကို ပိုမိုကောင်းမွန်စွာ လုပ်ဆောင်ပေးပြီး metabolism ကိုပါ မြှင့်တင်ပေးပါတယ်။ ပင်လယ်ရေမှော်တွေက ဟော်မုန်းတွေကို ပိုမိုကောင်းမွန်စေအောင် လုပ်ဆောင်ပြီး Thyroid ရဲ့ လုပ်ဆောင်မှုတွေကိုလည်း ကောင်းမွန်စေပါတယ်။ ဘာကြောင့်လဲဆိုတော့ ခန္ဓာကိုယ်ရှိ Thyroids glands တွေ ဟာ ဟော်မုန်းတွေကို ထိန်းညှိရာမှာ ကူညီပေးပါတယ်။ ပင်လယ်ရေမှော်မှာ အိုင်အိုဒင်းနဲ့ အမိုင်နိုအက်ဆစ် Tyrosine ပါဝင်မှုက ဟော်မုန်းတွေကို ပိုမိုကောင်းမွန်စေရန် ကူညီပေးတာကြောင့် ဖြစ်ပါတယ်။(NVS 003)

10 Aug

ADVERTISE HERE .