အဆုတ်ကို ကျန်းမာစေတဲ့ အစားအစာတွေ

27 Jul

ဒီနေ့ည ၈ နာရီမှာတော့ Novel Star Page ရဲ့ ကျန်းမာရေးကဏ္ဍကနေ အဆုတ်ကို ကျန်းမာစေတဲ့ အစားအစာတွေအကြောင်းကို ပြောပြသွားမှာဖြစ်ပါတယ်။ အစိမ်း‌ရောင်အရွက်တွေ အထူးသဖြင့် ကိုက်လန်မှာ antioxidants ဖြစ်တဲ့ vitamins A, C နဲ့ E အပြင် phytochemicals (carotenoids) တွေပါဝင်တာကြောင့် ရောင်ရမ်းမှုကို လျော့ကျစေ ပါတယ်။ အဆုတ်ကင်ဆာဖြစ်ပွားမှုကိုလည်း လျော့ကျစေပါတယ်။ ပန်းပွင့်စိမ်းမှာ sulforaphane ဓာတ်ပါဝင်ပြီး အဲဒီဓာတ်ကြောင့် အဆုတ်ထဲက ဆဲလ်တွေရဲ့ လုပ်ဆောင်ချက်ကို ကောင်းမွန်စေပါတယ်။ အဆုတ်ကိုပျက်စီးစေတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်ပါတယ်။ Vitamin C လည်းပါဝင်တာကြောင့် ခုခံအားကောင်းစေပါတယ်။ အဆုတ်ကြောင့်ဖြစ်တဲ့ အဖျားအနာမျိုးတွေလည်း မဖြစ်နိုင်တော့ပါဘူး။ ဆော်လမွန်ငါးမှာ amino acid ဓာတ်တွေပါဝင်တာကြောင့် အာဟာရတွေစုပ်ယူနိုင်ပြီး ခန္ဓာကိုယ်ထဲက တစ်ရှုးတွေကို ပြန်လည်ပြုပြင်ပေးနိုင်ပါတယ်။ လိမ္မော်သီးမှာပါဝင်တဲ့ calcium ဓာတ်က အဆုတ်ကို အထောက်အကူပြုပါတယ်။ နာတာရှည်အဆုတ်ရောဂါတွေကို လျော့ပါးစေပါတယ်။ Vitamin C ဓာတ်လည်း ပါဝင်တာကြောင့် ခုခံအားကို တိုးစေပါတယ်။ ပန်းသီးမှာ quercetin ဆိုတဲ့ဓာတ် ပါဝင်ပါတယ်။ အဲဒီဓာတ်ကြောင့် အဆုတ်ကို အကျိုးရှိ စေပါတယ်။ ရင်ကြပ်ခြင်းကိုလည်း လျော့ကျစေပါတယ်။ သစ်ကြားသီးမှာ magnesium ဓာတ်ပါဝင်ပြီး အဆုတ်ကြွက်သားတွေကို ထောက်ပံ့ပေးနိုင် ပါတယ်။ omega-3 fatty acids လည်း ပါဝင်တာကြောင့် အဆုတ်လေပြွန်ရောင်ရမ်းတာမျိုးကို လည်း သက်သာစေပါတယ်။ ခရမ်းချဥ်သီးမှာ lycopene ဆိုတဲ့ဓာတ်က ပါဝင်တာကြောင့် အဆုတ်ကို ကျန်းမာစေပါ တယ်။ တစ်ရက်ကို ခရမ်းချဥ်သီး၂လုံးခန့်စားပေးခြင်းအားဖြင့် Vitamin C လည်းပါဝင်တာကြောင့် ‌အဆုတ်အတွင်း ရောင်ရမ်းခြင်းတွေကိုလည်း သက်သာစေပါတယ်။ ငရုတ်ပွမှာ vitamin C ပါဝင်တာကြောင့် အဆုတ်နဲ့ဆိုင်တဲ့ရောဂါတွေ ဖြစ်ပွားမှုကနေ ခံနိုင်ရည်လည်း ရှိစေပါတယ်။ ရင်ကြပ်နဲ့ အဆုတ်လေပြွန်ပြဿနာတွေကို ကူညီနိုင်ပါတယ်။ မှိုမှာ vitamin D ပါဝင်တာကြောင့် အဆုတ်လုပ်ဆောင်ချက်တွေကို ကူညီနိုင်ပါတယ်။ အဆုတ်နဲ့ ပတ်သက်တဲ့ ရောဂါတွေကို ခုခံအားတိုးစေပါတယ်။ ဥအမျိုးမျိုးမှာ omega-3 နဲ့ protein ဓာတ်တွေပါဝင်တာကြောင့် ပျက်စီးသွားတဲ့ ဆဲလ်တွေကို ပြန်လည်ပြုပြင်ပေးနိုင်ပါတယ်။(NVS 003)

27 Jul

ADVERTISE HERE .