Asthma ရောဂါ အကြောင်း

26 Jul

ဒီနေ့ည ၈ နာရီမှာတော့ Novel Star Page ရဲ့ ကျန်းမာရေးကဏ္ဍကနေ Asthma ရောဂါအကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ Asthma ဆိုတာ ပန်းနာရင်ကြပ်လို့ခေါ်တဲ့ အဆုတ်ရောဂါတစ်မျိုး ဖြစ်ပါတယ်။ Asthma ရဲ့ ရောဂါ လက္ခဏာတွေကတော့ အသက်ရှုရခက်ခဲခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှုတဲ့အခါမှာ တရွှီရွှီနဲ့ မြည်သံ ကြားရခြင်း၊ ရင်ဘတ်မှာ တင်းကြပ်နေသလိုခံစားရခြင်း၊ အသက်ရှုရင် နာသလိုခံစားရခြင်း၊ အားမရှိသလို ခံစားရခြင်း၊ ပင်ပန်းနုံးချိခြင်း စသည်တို့ ဖြစ်ပါတယ်။ Asthma ရောဂါဖြစ်စေတဲ့ အကြောင်းအရာတွေကတော့ အသက်ရှုလမ်းကြောင်းမှာ ပိုး(Infection) ဝင်ခြင်း၊ တစ်စုံတစ်ခုနဲ့ allergy ရှိခြင်း (ဥပမာ ပန်းဝတ်မှုံ၊ အမွှေးနံ့၊ နံ့သာ၊ ဖုန်မှုန့်တွေ)၊ လေထုညစ်ညမ်းမှု ကြောင့်ဖြစ်ခြင်း၊ ဆေးလိပ်သောက်သုံးခြင်း၊ ရာသီဥတုအပြောင်းအလဲကြောင့်ဖြစ်ခြင်း၊ စိတ်ခံစားမှု ပြင်းထန်ခြင်း၊ တာရှည်ခံဆေးပါဝင်တဲ့ ready made အစားအစာတွေ စတဲ့အရာတွေကနေ ဖြစ်နိုင်ပါတယ်။ Asthma ရောဂါကို လုံးဝပျောက်အောင်တော့ ကုသလို့မရပါဘူး။ ဒါပေမယ့် ရောဂါလက္ခဏာကိုတော့ သက်သာအောင် ပြုမူနေထိုင်ခြင်းအားဖြင့် ထိန်းချုပ်နိုင်ပါတယ်။ ရာသီတုပ်ကွေး ကာကွယ်ဆေး Annual Flu Vaccine တွေထိုးခြင်း၊ ရင်ကြပ်တာကို ပိုဆိုးရွားစေတဲ့ အရာတွေကို ရှောင်ရှားခြင်း၊ allergen တွေနဲ့ ထိတွေ့မှုလျှော့ချခြင်း၊ ဆေးလိပ်သောက်သုံးမှု လျှော့ချခြင်း၊ ခုခံအား အသွင်ပြောင်းလဲခြင်းကုထုံး allergy shot ရယူခြင်း အစရှိတဲ့ နည်းလမ်းတွေနဲ့ သက်သာအောင် နေထိုင်ပြီး Asthma မှ နာတာရှည် အဆုတ်ရောင်ရောဂါဖြစ်ပေါ်လာနိုင်ခြင်းကို ကြိုတင်ကာကွယ်နိုင်ပါတယ်။(NVS 003)

26 Jul

ADVERTISE HERE .