သွေးခဲ သွေးပျစ်ခြင်းကို သက်သာစေမယ့် အစားအသောက်တွေ

23 Jul

ဒီနေ့ည ၈နာရီမှာတော့ Novel Star Pageရဲ့ ကျန်းမာရေးကဏ္ဍကနေ သွေးခဲ သွေးပျစ်ခြင်းကို သက်သာစေမယ့် အစားအသောက်တွေ အကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ အချဉ်ဓာတ်စားပေးရင် သွေးကျဲစေပါတယ်။ အဲ့ဒါကြောင့် သံပရာရည် ချဉ်ချဉ်လေး ဒါမှမဟုတ် ကင်ပွန်းချဉ် ဟင်းချို သောက်ပေးပါ။ လိမ္မော်သီး၊ သစ်သီး၊ သံပုရာသီးတွေကလည်း သွေးခဲခြင်းမှ ကာကွယ်ပေးပြီး သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။ ဒါ့အပြင် တခြား ဗီတာမင် C ကြွယ်ဝတဲ့ အစားအသောက်တွေလည်း စားသောက်ပေးပါ။ Salicylate ပါဝင်တဲ့ အစားအစာတွေဖြစ်တဲ့ ထောပတ်သီး၊ ဘယ်ရီသီး၊ ငရုတ်သီးနဲ့ ချယ်ရီသီးတွေက သွေးခဲခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။ သွေးထဲမှာရောနေတဲ့ အရည်ကြည်တစ်မျိုး ရှိပါတယ်။ အဲဒါကို သွေးသည်းခြေလို့ ခေါ်ပါတယ်။ သွေးသည်းခြေနည်းနေရင်လည်း သွေးက ပျစ်တတ်ပါတယ်။ သွေးသည်းခြေဓာတ် အားကောင်းဖို့အတွက်ကတော့ ကြောင်ရှာ၊ ဂွေးတောက်၊ ငရုတ်ခါး၊ ဆင်တုံးမနွယ်၊ ရဲယို၊ ဒန့်ဒလွန်တွေ စားပေးသင့်ပါတယ်။ အခါးစားမှလည်း သွေးလည်ပတ်မှုမှန်မှာ ဖြစ်ပါတယ်။ ကြက်သွန်ဖြူဟာ သွေးကျဲဆေးတွေထက် အများကြီးပိုကောင်းပါတယ်။ ထမင်းစားရင် ကြက်သွန်ဖြူ သုံးလေးတက်လောက် စားပေးသင့်ပါတယ်။ နနွင်းကလည်း သွေးခဲ သွေးပျစ်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။ နနွင်းကို ဇွန်းအသေးနဲ့ မနက်တစ်ဇွန်း ညနေ တစ်စွန်း သောက်ပေးသင့်ပါတယ်။ နနွင်းဖျော်သောက်တဲ့အခါမှာ သံလွင်ဆီနဲ့လည်း ရောသောက်ပေးလို့ရပါတယ်။ သွေးပျစ်ရတာက ရေသောက်နည်းလို့ ဖြစ်ပါတယ်။ ရေများများသောက်မှသွေးက ကျဲလာတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် တစ်နေ့ကိုရေ၄လီတာလောက်သောက်ပေးရပါမယ်။ ရေနွေးသောက်တာက အကောင်းဆုံး ဖြစ်ပါတယ်။ (NVS-003)

23 Jul

ADVERTISE HERE .