ဆွီဒင်အိုးပင်းတွင် ပထမအဆင့်ဖြင့် ရူဘလက်ဗ် ကျေနပ်ခဲ့ရ
19 Julဆွီဒင်အိုးပင်းတင်းနစ်ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံဖြစ်သလို အခုနှစ်ပြိုင်ပွဲမှာ ဆီဒင်အဆင့်(၁) ရထားတဲ့ ရုရှားတင်းနစ်သမား ရူဘလက်ဗ် ဟာ ပထမအဆင့်မှာပဲ ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခဲ့ရပါတယ်။ ရူဘလက်ဗ် ဟာ ပထမအဆင့်ပွဲအဖြစ် အာဂျင်တီးနားလူငယ်တင်းနစ်သမား တီရန်တီ နဲ့ ယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ဆီဒင်အဆင့်(၁) သတ်မှတ်ခံထားရသလို ကမ္ဘာ့အဆင့်ရပ်တည်မှုလည်း ကွာဟခဲ့ပေမယ့် တီရန်တီ ရဲ့ ကြိုးစားအားထုတ်မှုကြောင့် ရူဘလက်ဗ် ရုန်းကန်ခဲ့ရပါတယ်။ ပထမပွဲလတ်မှာ အကြိတ်အနယ်ကစားခဲ့ရပြီးနောက် ရူဘလက်ဗ် ရှုံးနိမ့်ခဲ့ပေမယ့် ဒုတိယပွဲလတ်မှာ အနိုင်ပြန်ရအောင် ကစားနိုင်ခဲ့ပါတယ်။ တတိယပွဲလတ်မှာတော့ ရူဘလက်ဗ် ရဲ့ ရိုက်ချက်တွေက မတိကျခဲ့သလို တီရန်တီ ရဲ့ လက်စွမ်းကလည်း ပုံမှန်လက်စွမ်းပြန်ရခဲ့လို့ တီရန်တီက ပြန်ပြီးအသာရလာခဲ့ပါတယ်။ ပွဲကစားချိန် ၂ နာရီနဲ့ ၂၄ မိနစ် ကြာမြင့်ခဲ့ပြီးနောက် တီရန်တီ က ရူဘလက်ဗ် ကို (၇း၆၊၃း၆၊၆း၄)ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ဒုတိယအဆင့်ကို တက်ခွင့်ရသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဝင်ဘယ်ဒန်ပြိုင်ပွဲမှာ ပထမအဆင့်က ထွက်ခဲ့ရသလို အခုပြိုင်ပွဲမှာလည်း ပထမအဆင့်ကနေပဲ ထွက်ခဲ့ရတာက ရူဘလက်ဗ် အတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ပါတယ်။(NVS 008)