အုန်းဆီကို အသုံးပြုလုပ်နိုင်တဲ့ နည်းလမ်းများ (အပိုင်း ၃)

18 Jul

ဒီနေ့ည ၈နာရီမှာတော့ Novel Star Pageရဲ့ ကျန်းမာရေးကဏ္ဍကနေ အုန်းဆီကို အသုံးပြုလုပ်နိုင်တဲ့ နည်းလမ်းများ အကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ အုန်းဆီဖြင့် နှင်းခူရောဂါလက္ခဏာများကို သက်သာစေပါတယ်။ အုန်းဆီကို ထိခိုက်နေတဲ့ နေရာများပေါ်တွင် ပုံမှန်လိမ်းပေးခြင်းဖြင့် ရောင်ရမ်းခြင်းများကို လျှော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် အုန်းဆီဖြင့် သင့်အသားအရေကို နေရောင်ခြည်ကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမယ့် နေလောင်ခံခရင်မ်အဖြစ် အုန်းဆီတစ်ခုတည်း မသုံးပါနဲ့။ UVA နဲ့ UVB rays များကို မထိခိုက်စေရန်အတွက် ၎င်းကို SPF အဆင့်မြင့်မားစွာ ပါဝင်တဲ့ ingredients များဖြင့် ပေါင်းစပ်ပြီး သုံးပေးပါ။ အုန်းဆီက သင်ရဲ့ metabolism ကို တိုးမြှင့်ပေးနိုင်ပါတယ်။ အုန်းဆီတွင် medium-chain triglycerides များပါဝင်ပါတယ်။ လေ့လာမှုတစ်ခုအရ medium-chain triglycerides ပါဝင်တဲ့ အုန်းဆီ ဇွန်း တစ်ဇွန်း ကနေ နှစ်ဇွန်းအထိ စားသုံးခြင်းဟာ metabolism ကို 5% တိုးမြင့်စေနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။ အုန်းဆီဖြင့် မြင့်မားတဲ့ temperature များတွင် ဘေးကင်းစွာ ချက်ပြုတ်နိုင်ပါတယ်။ အုန်းဆီက ပိုမိုမြင့်မားတဲ့ temperature တွင် stable ဖြစ်ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ short & medium chain fats များ ပြည့်ဝစွာပါဝင်ပါတယ်။ ဒါ့အပြင် အုန်းဆီးနဲ့လည်း dairy-free ကော်ဖီခရင်မ်ကို ဖန်တီးနိုင်ပါတယ်။ ခန္ဓာကိုယ်က အမွေးများကို ချောမွေ့စွာ ရိတ်ဖို့အတွက် အုန်းဆီကို အသုံးပြုနိုင်ပါတယ်။ အုန်းဆီက အမွေးရိတ်ဓားကို လွယ်ကူစွာ သင့်အရေပြားပေါ်တွင် ပွတ်တိုက်ပေးပါတယ်။ အသားအရေကိုလည်း စိုစွတ်စေပြီး ယားယံခြင်းများ မဖြစ်စေပါဘူး။ ဒါ့အပြင် အုန်းဆီဖြင့် သင့် ခန္ဓာကိုယ်ကို recipes များနဲ့ spa လုပ်ပေးလို့ရပါတယ်။ အုန်းဆီဟာ လူသားများအတွက် ကောင်းမွန်တဲ့ အဆီအရင်းအမြစ်တစ်ခုဖြစ်တဲ့အပြင် ကြောင်နဲ့ ခွေးတွေ အတွက်လည်း ကောင်းပါတယ်။ သစ်သား cutting ဘုတ်ပြားများကို အုန်းဆီဖြင့်လည်း သန့်ရှင်းပေးလို့ ရပါတယ်။ သင့်ကို ပျား သို့မဟုတ် နကျယ်ကောင် ကိုက်ခံထားရရင် အုန်းဆီဖြင့် အဲဒီနေရာများကို လိမ်းပေးပါ။ ၎င်းရဲ့ antibacterial ဂုဏ်သတ္တိများနဲ့အတူ ပိုးမွှားများကနေ ကာကွယ်ပေးနိုင်ပါတယ်။ ၎င်းရဲ့ antibacterial ဂုဏ်သတ္တိများအပြင် အုန်းဆီက ရောင်ရမ်းမှုများကို ဆန့်ကျင်နိုင်တဲ့ ဂုဏ်သတ္တိများ ပါ၀င်တာကြောင့် အင်းဆက်ပိုးများ ကိုက်ခံရပြီး ယားယံနေတဲ့ နေရာများကို အမြန်သက်သာစေပါတယ်။ အုန်းဆီက ခေါင်းတစ်ခြမ်းကိုက်ခြင်းရဲ့ အကြိမ်ရေနဲ့ ပြင်းထန်မှုတို့ကို လျှော့ချရန် ကူညီပေးပါတယ်။ အုန်းဆီတွင် migraines ကိုသေစေနိုင်တဲ့ ketones chemical များပါဝင်ပါတယ်။ ဒါ့အပြင် အုန်းဆီက သင့် ခန္ဓာကိုယ်ထဲက toxins များကိုလည်း ဖယ်ထုတ်ပေးပါတယ်။ Acid reflux အတွက် အုန်းဆီကို အသုံးပြုမယ်ဆိုရင် extra virgin အုန်းဆီကို ရွေးချယ်ပေးပါ။ Extra virgin အုန်းဆီက antimicrobial ဖြစ်တာကြောင့် အစာပြွန်အတွင်းကို သန့်ရှင်းပေးပြီး ဘက်တီးရီးယားပိုးများကို တိုက်ထုတ်ပေးပါတယ်။ Acid reflux ကို သက်သာစေရန်အတွက် တစ်နေ့ကို အုန်းဆီ တစ်ဇွန်းစာကို စားသုံးပေးပါ။ အစာပြွန်အတွင်းက ဖြစ်ပွားနေတဲ့ damages များကိုလည်း သက်သာပျောက်ကင်းစေပါတယ်။ အုန်းဆီသုံးပြီး အရေးအကြောင်းတွေကိုလည်း သက်သာပျောက်ကင်းစေနိုင်ပါတယ်။ အုန်းဆီဟာ ကော်လာဂျင်ထုတ်လုပ်မှုကို မြှင့်တင်ပေးပြီး သင့်အရေပြားရှိ ဆဲလ်များကို regeneration ဖြစ်စေပါတယ်။ ၎င်းဟာ အရေးအကြောင်းများကို ထိရောက်စွာ ပျောက်ကင်းစေပြီး သင့်အသားအရေကိုလည်း တင်းရင်းစေပါတယ်။ အုန်းဆီက thyroid လုပ်ဆောင်မှုကို ကောင်းမွန်စေပါတယ်။ ဒါ့အပြင် အုန်းဆီဟာ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်ပါတယ်။ အုန်းဆီမှာ သင့်ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်တဲ့ ထူးခြားတဲ့ ဒြပ်စင်နှစ်ခု ပါဝင်ပါတယ်။ ၎င်းတို့မှာ lauric acid နဲ့ caprylic acid တို့ဖြစ်ပါတယ်။ ၎င်းတို့ဟာ ဗိုင်းရပ်စ်ပိုးများ ပျံ့နှံ့မှုနဲ့ ဘက်တီးရီးယား ပိုးမွှားများကို တိုက်ထုတ်ပေးပါတယ်။ (NVS 003)

18 Jul

ADVERTISE HERE .