အုန်းဆီကို အသုံးပြုလုပ်နိုင်တဲ့ နည်းလမ်းများ (အပိုင်း ၂)

16 Jul

ဒီနေ့ည ၈နာရီမှာတော့ Novel Star Pageရဲ့ ကျန်းမာရေးကဏ္ဍကနေ အုန်းဆီကို အသုံးပြုလုပ်နိုင်တဲ့ နည်းလမ်းများ အကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ အုန်းဆီဖြင့် သင့်မျက်နှာပေါ်က မိတ်ကပ်များကို ညင်သာစွာ ဖယ်ရှားပေးနိုင်ပါတယ်။ အုန်းဆီဟာ မိတ်ကပ်များထဲက pigments များကို ချေဖျက်ရာမှာ ကူညီပေးပြီး မျက်လုံးတစ်ဝိုက်ရှိ မိတ်ကပ်များကို ဘေးကင်းစွာ ဖယ်ရှားနိုင်ပါတယ်။ သင့်အိမ်က သစ်သားပရိဘောဂတွေကို အုန်းဆီဖြင့် ပွတ်တိုက်ပေးခြင်းက အကောင်းအတိုင်းပြန်ဖြစ်စေပါတယ်။ နောက်ထပ် ကောင်းကျိုးတစ်ခုကတော့ သင့်ပရိဘောဂမျက်နှာပြင်အတွက် ဘက်တီးရီးယားပိုးမွှားတွေကို တိုက်ထုတ် နိုင်ပြီး သင့်အိမ်က တိရိစ္ဆာန်များအတွက်လည်း ဘေးကင်းပါတယ်။ သန့်ရှင်းလတ်ဆတ်တဲ့ အနံ့ကိုလည်း ရှိစေပါတယ်။ အုန်းဆီက အဆစ်အမြစ်ရောင်ခြင်းကို သက်သာစေပါတယ်။ အုန်းဆီက ရောင်ရမ်းမှုကို ဆန့်ကျင်တဲ့ ဂုဏ်သတ္တိများရှိပါတယ်။ အုန်းဆီရဲ့ ဖက်တီးအက်ဆစ်နဲ့ ရောင်ရမ်းမှုကို ဆန့်ကျင်နိုင်တဲ့ ဂုဏ်သတ္တိများက အဆစ်ရောင်ရမ်းခြင်းကို လျှော့ချနိုင်ပြီး နာကျင်မှုကိုလည်း လျှော့ချပေးနိုင်ပါတယ်။ နာကျင်နေပြီး ရောင်ရမ်းနေတဲ့ နေရာများကို အုန်းဆီလိမ်းပေးခြင်းက ပိုပြီးသက်သာစေပါတယ်။ အုန်းဆီက လက်သည်း ခြေသည်းများနားက ခြောက်သွေ့နေတဲ့ cuticle ကို သက်သာစေအောင် လုပ်ပေးနိုင် ပါတယ်။ ဒါ့အပြင် အုန်းဆီကို သဘာဝ deodorant အဖြစ်လည်း အသုံးပြုလို့ ရပါတယ်။ အုန်းဆီဖြင့် ရောင်ရမ်းမှုတွေကို လျှော့နိုင်ပါတယ်။ အုန်းဆီဟာ ခန္ဓာကိုယ်က ရောင်ရမ်းမှုတွေကို ဆန့်ကျင်နိုင်တဲ့ ဂုဏ်သတ္တိများရှိတဲ့ အာဟာရများစွာကို စုပ်ယူနိုင်စေရန် ကူညီပေးပါတယ်။အုန်းဆီကို ပရုတ်ဆီနဲ့ ပေါင်းစပ်ပြီး လိမ်းပေးတဲ့အခါမှာ အဆစ်အမြစ်ရောင်ရမ်းခြင်း၊ နာကျင်ခြင်း၊ ကြွက်တက်ခြင်းနဲ့ အခြားအရာများကို သက်သာစေနိုင်တဲ့ အာနိသင်များ ရှိပါတယ်။ ဒါ့အပြင် အုန်းဆီ စားသုံးခြင်းက အရိုးကျန်းမာရေးကိုလည်း ကောင်းစေပါတယ်။ အုန်းဆီဖြင့် Candida ရောဂါပိုးများကို တိုက်ဖျက်နိုင်ပါတယ်။ အုန်းဆီက အူလမ်းကြောင်းနဲ့ အစာအိမ်အတွင်းရှိ candida ပိုးဝင်ခြင်းကို ဖယ်ရှားရန် ကူညီပေးပါတယ်။ Candida ပြဿနာများအတွက် အုန်းဆီကို mouth wash အဖြစ် အသုံးပြုနိုင်ပါတယ်။ ဇွန်း တစ်ဇွန်း သို့မဟုတ် နှစ်ဇွန်းခန့်ကို သင့်ပါးစပ်အတွင်း မိနစ်အနည်းငယ်ကြာအောင် ထားပေးပါ။ ပြီးရင် မမျိုချပြစ်ပါနဲ့။ ထွေးထုတ်ပြီး အနည်းဆုံး မိနစ် ၃၀ ကြာခန့် ဘာမှ မစားမသောက်ပဲ နေပေးပါ။ ပိုးမွှားကူးစက်မှုများကို ကုသရန် အုန်းဆီအသုံးပြုပါက 100% အုန်းဆီစစ်စစ်ကို အသုံးပြုပြီး ဖြစ်နေတဲ့ နေရာများကို လိမ်းပေးလိုက်ပါ။ အစာအိမ်ကျန်းမာရေးအတွက် အုန်းဆီတစ်ဇွန်းစာ စားသုံးနိုင်သလို ဖျော်ရည် ဒါမှမဟုတ် ကော်ဖီထဲကိုလည်း ထည့်ပြီး သောက်သုံး နိုင်ပါတယ်။ အုန်းဆီသုံးပြီး အစွန်းအထင်းများကို ဖယ်ရှားပေးလို့ ရပါတယ်။ အဝတ်အစားပေါ်က ဖယောင်းဆီနဲ့ အဆီများကို ဖယ်ရှားပေးနိုင်ပါတယ်။ ပိုးမွှားများကို သတ်ဖို့အတွက် ပိုးသတ်ဆေးကို အုန်းဆီနဲ့ ရောမွှေပြီး အသုံးပြုလို့လည်း ရပါတယ်။ Stabilized ဖြစ်တဲ့ အုန်းဆီဒြပ်ပေါင်းများက သွေးစုပ်နိုင်တဲ့ ပိုးမွှားများကို ၉၆ နာရီ သို့မဟုတ် လေးရက်အထိ တွန်းလှန်ပေးနိုင်ကြောင်း သုတေသီများက တွေ့ရှိခဲ့ပါတယ်။ အုန်းဆီဟာ ဆာလောင်မှုကို လျှော့ကျအောင် လုပ်ဆောင်ပေးပါတယ်။ အုန်းဆီက ဖက်တီးအက်ဆစ်များ အရာဖြစ်တာကြောင့် အစားလွန်ခြင်းမှ ကာကွယ်ပေးပါတယ်။ အစာစားနေအချိန်အတွင်း ရေတစ်ဖန်ခွက်နဲ့ အုန်းဆီ တစ်ဇွန်း သောက်ထားပေးလို့ ရပါတယ်။ အုန်းဆီဖြင့် အနာကျက်ခြင်းကို မြန်မြန်သက်သာစေရန် လုပ်ဆောင်ပေးပါတယ်။ အုန်းဆီရဲ့ Anti-inflammatory နဲ့ Antioxidant ဂုဏ်သတ္တိများက အရေပြားအစိုဓာတ်ကို အထူးကောင်းမွန်စေပြီး အနာများကို ကုသရန်အတွက် အကောင်းဆုံး ဖြစ်ပါတယ်။ ဝက်ခြံများအတွက် မျက်နှာပေါ်တွင် သန့်စင်ဆေးကို သုံးပြီးနောက် အုန်းဆီကို လိမ်းပေးရင် သက်သာစေပါတယ်။ အုန်းဆီစားသုံးခြင်းကလည်း ကိုယ်အလေးအချိန်နဲ့ အဆီကို လျှော့ချပေးပါတယ်။ ဒါ့အပြင် HDL ကိုလက်စထရော ကိုလည်း အုန်းဆီနဲ့ မြှင့်တင်နိုင်ပါတယ်။ သင့်ဆံကေသာကို အုန်းဆီထည့်ခြင်းဖြင့် သင့်ဆံပင်ကို ပုံမှန်ကာကွယ်ပေးနိုင်ပါတယ်။ အုန်းဆီက သင့် ဆံပင်၊ ဦးရေပြား၊ ပျက်စီးခြင်းနဲ့ ခြောက်သွေ့ခြင်းတို့ကနေ ကာကွယ်ရန် နည်းလမ်းအမျိုးမျိုးဖြင့်လည်း အသုံးပြုနိုင်ပါတယ်။ အုန်းဆီဖြင့် ဦးနှောက်လုပ်ဆောင်ချက်များကို မြှင့်တင်နိုင်ပါတယ်။ Dark chocolate ပြုလုပ်ရာမှာလည်း အုန်းဆီထည့်ပြီး လုပ်ပေးလို့ရပါတယ်။ အုန်းဆီဟာ ခံတွင်းကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ အုန်းဆီကို သွားတိုက်ဆေးနဲ့အတူလည်း အသုံးပြုလို့ရပါတယ်။ သင့်ရဲ့ ခံတွင်းအနံ့ကိုလည်း ကောင်းမွန်းအောင်လည်း ကူညီပေးပါတယ်။ (NVS 003)

16 Jul

ADVERTISE HERE .