တညင်းသီးစားခြင်းရဲ့ ကျန်းမာရေး ဆိုးကျိုးတွေ

10 Jul

ဒီနေ့ည ၈နာရီမှာတော့ Novel Star Pageရဲ့ ကျန်းမာရေးကဏ္ဍကနေ တညင်းသီးစားခြင်းရဲ့ကျန်းမာရေး ဆိုးကျိုးတွေ အကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ တညင်းသီး တစ်လုံးမှာ ပါဝင်တဲ့ အဆိပ်ဟာ 0.3% ကနေ 1.3% အထိ ရှိနေပြီး တညင်းသီးကို စားသုံးသူရဲ့ ကျောက်ကပ် နှစ်ခုစလုံးဟာ ၁ နှစ် ကနေ ၅ နှစ် အတွင်း တဖြည်းဖြည်းနဲ့ ပျက်စီးသွားနိုင်ပါတယ်။ တညင်းသီးအသား တစ်ခုလုံးမှာ အဆိပ်ဓာတ် Djenkolic acid တွေ အပြည့်ပါပါတယ်။ တညင်းသီးစားလိုက်တဲ့ အခါမှာ ဒီအဆိပ်ဓာတ်က အစာအိမ် ကနေတစ်ဆင့် အူထဲကို အရင်ရောက်ပါတယ်။ အူထဲကနေ စုပ်ယူပြီး သွေးထဲမှာရှိနေတုန်းမှာ ပျော်ဝင်အဆင့် မှာပဲ ရှိနေပြီး ပျောက်မသွားပါဘူး။ ခန္ဓာကိုယ်ထဲက သွေးတွေ အားလုံးဟာ ကျောက်ကပ် ကိုမဖြစ်မနေ ဖြတ်သန်းရပါတယ်။ အဆိုပါအဆိပ်‌ ကျောက်ကပ်ထဲ ရောက်ချိန်၊ ဆီးဖြစ်လာတဲ့အချိန်၊ ဆီးက အက်ဆစ် pH ဘက်ကို ရောက်တဲ့အချိန်မှာမှ အချိုမှုန့်ချောင်းလေး တွေပုံစံ crystal အဖြစ်ပြောင်းပြီး ကျောက်ကပ် ပြွန်သေးသေးလေးတွေ ပေါ်မှာ စိုက်စူးစေပါတော့တယ်။ အဲဒီအချိန်မှာ ပုံမှန်အလုပ်လုပ်နေရတဲ့ ပြွန်တွေ ပျက်စီးပြီး ဆီးထဲ သွေးပါလာတာမျိုး ကျောက်ကပ် ပျက်စီးတာမျိုး ဖြစ်လာပါတယ်။ တညင်းသီးမှာ ကောင်းကျိုး အနည်းငယ် ရှိပေမယ့် အဆိပ်ထုတ်ပြီး နည်းစနစ် မှန်မှန်နဲ့ စားရင် အရသာ ကောင်းမွန်ပေမယ့် များသောအားဖြင့် ဖြစ်သလို၊ ကြုံသလိုပဲ စားကြတဲ့ အတွက် အဆိပ်ဟာ ခန္ဓာကိုယ်ထဲမှာ မသိမသာ ပြန့်နှံ့သွားပြီး ရေရှည်မှာတော့ ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်းတွေကို ပျက်စီးစေကာ သက်လုံနဲ့ ဆိုင်တဲ့ အားအင်များကိုလည်း ယုတ်လျော့စေကာ ကျန်းမာရေးတွေကို ဆိုးဝါးသွားစေပါတယ်။ ဆားရည်စိမ်ရင်၊ မီးအပူရှိန် ဘယ်လောက်နဲ့ ချက်ရင် အဆိပ်ပြယ်တယ် စတာတွေက မမှန်ပါဘူး။ တညင်းသီးထဲက အဆိပ်ဟာ မြေကြီး နဲ့ ရေထဲမှာတောင် အချိန်အကြီးခံနိုင်ပါတယ်။ (NVS 003)

10 Jul

ADVERTISE HERE .