အစာအိမ်ကင်ဆာ ဖြစ်နိုင်ခြေများစေတဲ့ အကြောင်းအရင်းများ

05 Jul

ဒီနေ့ည ၈နာရီမှာတော့ Novel Star Pageရဲ့ ကျန်းမာရေးကဏ္ဍကနေ အစာအိမ် ကင်ဆာဖြစ်နိုင်ခြေများစေတဲ့ အကြောင်းအရင်းများ အကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ အစာအိမ်ကင်ဆာက မျိုးရိုးဗီဇနဲ့ စားသောက်နေထိုင်မှု ပုံစံတို့ကြောင့် များစွာ သက်ရောက်နေပါတယ်။ အချိန်ကြာမြင့်စွာ အစာမကြေခြင်း၊ ရင်ပူခြင်း၊ မလိုအပ်ဘဲ ကိုယ်အလေး ချိန်ကျခြင်း၊ ဝမ်းဗိုက်အောင့်ခြင်း၊ မူးဝေအော့အန်ခြင်း၊ ဝမ်းသွားရခက်ခြင်းတို့က ဖြစ်တတ်တဲ့ ရောဂါ လက္ခဏာတွေ ဖြစ်ပါတယ်။ အသီးအရွက်များ မစားသုံးခြင်းက အစာအိမ်ကင်ဆာ ဖြစ်နိုင်ခြေရှိပါတယ်။ သင့်လျော်တဲ့ အသီးတွေ၊ အရွက်တွေ မစားသုံးဘဲ အာဟာရဓာတ် ချို့တဲ့လာပါက ကျန်းမာရေး ဘေးအန္တရာယ်များ ဖြစ်လာနိုင်ပါတယ်။ အငန်များတဲ့ အစားအစာတွေ စားလွန်းခြင်းကလည်း အစာအိမ်ကင်ဆာ ဖြစ်စေနိုင်ပါတယ်။ ဆားများတဲ့ အစားအစာတွေ စားသောက်ခြင်းက အစာအိမ်နံရံ ရောင်ရမ်းစေကာ အစာအိမ်ကင်ဆာ ဖြစ်စေပါတယ်။ သကြားပါဝင်မှုများတဲ့ မုန့်တွေ၊ အချိုရည်တွေ စားသုံးခြင်းဖြင့် ကျန်းမာရေးပြဿနာ အများအပြား ဖြစ်စေနိုင်ပြီး အဝလွန်ခြင်း၊ အစာအိမ်ကင်ဆာတို့ ဖြစ်စေနိုင်ပါတယ်။ ဖိစီးမှုများလွန်းခြင်းကလည်း မကောင်းပါဘူး။ ရေရှည်ဖိစီးမှုများပါက ခန္ဓာကိုယ်မှာ ဖိအားများစေပြီး ကိုယ်ခံအားစနစ် အားနည်းစေကာ ကင်ဆာဖြစ်နိုင်ခြေ များစေပါတယ်။ အလွန်အကျွံ ဆေးလိပ်သောက်သုံးခြင်းက အစာအိမ်ကင်ဆာ ဖြစ်တတ်ပါတယ်။ ဒါ့အပြင်ဆေးလိပ်သောက်ခြင်းဟာ အဆုတ်၊ အစာအိမ်၊ အရေပြားတို့ ထိခိုက်စေရုံမက ကိုယ်ခံအားစနစ်ကို အားနည်းစေပြီး ရောဂါများ ဝင်လာနိုင်ပါတယ်။ ဒါ့အပြင် မျိုးရိုးဗီဇများကြောင့်လည်း အစာအိမ်ကင်ဆာရောဂါ ဖြစ်နိုင်ခြေရှိပါတယ်။ (NVS 003)

05 Jul

ADVERTISE HERE .