"ဖလံတောင်ဝှေးရဲ့ ကျန်းမာရေး ကောင်းကျိုးတွေ"

02 Jul

ဒီနေ့ည ၈နာရီမှာတော့ Novel Star Pageရဲ့ ကျန်းမာရေးကဏ္ဍကနေ ဖလံတောင်ဝှေးရဲ့ ကျန်းမာရေး ကောင်းကျိုးတွေ အကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ ဖလံတောင်ဝှေးက သွေးတွင်းကိုလက်စထရော ကျစေပါတယ်။ ဖလံတောင်ဝှေးကို ကြက်သွန်ဖြူဖြင့် ရောကာ ကြော်စားချက်စားပေးခြင်းအားဖြင့် သွေးထဲက ကိုလက်စထရော ကျစေပါတယ်။ နှလုံးကျန်းမာရေးအတွက်လည်း ကောင်းစေပါတယ်။ နှမ်းဆီစစ်စစ်နဲ့ ကြော်စားခြင်းက ချောင်းဆိုးရောဂါနဲ့ နှလုံးရောဂါကြောင့် နှလုံးတုန်ခြင်းကို သက်သာစေပြီး နှလုံးကျန်းမာစေတယ်လို့ ဆိုကြပါတယ်။ အအေးမိ နှာစေးနှာပိတ်တို့ကို သက်သာစေပါတယ်။ အအေးမြိပီး နှာစေးနှာပိတ် သက်သာစေဖို့အတွက် ဖလံတောင်ဝှေးကို ဂျင်း၊ နှမ်းဆီစစ်စစ်တို့ဖြင့် ရောကြော်စားပေးခြင်းအားဖြင့်လည်း သက်သာစေတယ်လို့ ဆိုကြပါတယ်။ အမျှင်ဓာတ် ပါဝင်တာကြောင့် ဖလံတောင်ဝှေးကို စားပေးခြင်းအားဖြင့် အစာခြေလွယ်စေခြင်းနဲ့ လေထိုးလေအောင့်၊ အစာအိမ်ပြဿနာတွေကို မဖြစ်စေဘဲ ဝမ်းချုပ်ခြင်းကိုလည်း သက်သာစေပါတယ်။ သန်ကျစေတယ်လို့လည်း ဆိုကြပါတယ်။ ဒါ့အပြင် ဖလံတောင်ဝှေးကိုပြုတ်ပြီးရလာတဲ့အရည်ကိုသောက်ပေးခြင်းဖြင့် ပန်းနာရင်ကြပ်ရောဂါကို သက်သာ စေနိုင်ပါတယ်။ နောက်ပြီးတော့ ဖလံတောင်ဝှေးကို ဓားပြားရိုက်ပြီး ဟင်းခါးချက်သောက်ခြင်းအားဖြင့် ကလေးမိခင် နို့ထွက်ကောင်းစေတယ်လို့ ဆိုပါတယ်။ (NVS 003)

02 Jul

ADVERTISE HERE .