သခွားသီးရဲ့ side effect တွေ

01 Jul

ဒီနေ့ည ၈နာရီမှာတော့ Novel Star Pageရဲ့ ကျန်းမာရေးကဏ္ဍကနေ သခွားသီးရဲ့ side effect တွေ အကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ တစ်ခါတစ်လေ သခွားသီးကို လတ်လတ် ဆတ်ဆတ် လှီးဖြတ်တဲ့ အခါမှာ ခါးပြီး အရသာမရှိတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သခွားသီးထဲမှာ သခွားသီးကို ခါးသွားစေတဲ့ cucurbitacins နဲ့ tetracyclic triterpenioid ကဲ့သို့သော ဓာတုပစ္စည်းတွေ ပါဝင်နေတာကြောင့် ဖြစ်ပါတယ်။ အဲဒီ အဆိပ်သင့် ဓာတုပစ္စည်းတွေဟာ ကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး ဓာတ်မတည့်မှုတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ သခွားသီးဟာ ပိုတက်စီယမ် အရင်းအမြစ်ကောင်းတစ်ခုဖြစ်ပြီး သွေးပေါင်ချိန်ပြဿနာတွေကို ထိန်းညှိပေးပါတယ်။ ဒါပေမယ့် အလွန်အကျွံ စားသုံးခြင်းဟာ bloating၊ ကြွက်တက်ခြင်း၊ အစာအိမ် နဲ့ ကျောက်ကပ်ကျန်းမာရေးတို့ကို ဖြစ်စေနိုင်တဲ့ Hyperkalemia ကျန်းမာရေး အခြေအနေတွေကို ဖြစ်စေနိုင်ပါတယ်။ နောက်ပြီးတော့ သခွားသီးကို အလွန်အကျွံစားသုံးမိရင် ရေဓာတ်ဆုံးရှုံးပြီး ရေဓာတ်ခန်းခြောက်နိုင်ပါတယ်။ သခွားသီးကလည်း သွေးကြောတွေကို ထိခိုက်စေနိုင်ပါတယ်။ (NVS 003)

01 Jul

ADVERTISE HERE .