ညတိုင်း အိပ်ချိန် ၁၁ နာရီထက်ကျော်ခြင်းရဲ့ကျန်းမာရေးဆိုးကျိုးတွေ

29 Jun

ဒီနေ့ည ၈ နာရီမှာတော့ Novel Star Page ရဲ့ ကျန်းမာရေးကဏ္ဍကနေ ညစဉ်ညတိုင်း အိပ်ယာဝင်ချိန် ၁၁ နာရီထက်ကျော်ခြင်းရဲ့ကျန်းမာရေးဆိုးကျိုးတွေအကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်အရ လူသားတွေအတွက် အကောင်းဆုံး အိပ်စက်အနားယူချိန်ဟာ ည ၁၁ နာရီ ကနေ မနက် ၃ နာရီအတွင်း ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီအဆိုကို ဆေးပညာရှင်တွေ အားလုံးနီးပါး ကလည်း လက်ခံထားကြပါတယ်။ ည ၁၁ ကနေ မနက် ၃ နာရီ အတွင်း အနားမယူပဲအလုပ် တစ်ခုခုလုပ်နေမယ်ဆိုရင် ကျန်းမာရေးကို ထိခိုက်စေပါလိမ့်မယ်။ ချက်ချင်းမဟုတ်ပေမယ့် ရေရှည်မှာ ကျန်းမာရေးအတွက် ဆိုးဝါးလာစေနိုင်ပါတယ်။ အကြောင်းကတော့ လူ့ခန္ဓာကိုယ်ထဲမှာ အဓိကအရေးကြီးဆုံး အလုပ်လုပ်ပေးနေတဲ့ အသည်းဟာ ည ၁၁ နာရီကနေ မနက် ၃ အချိန်အတွင်းမှာ လူတို့စားသုံးထားတဲ့ အစားအစာတွေထဲက အဆိပ်အတောက်တွေနဲ့ မလိုအပ်တဲ့အရာတွေကို စစ်ထုတ်ပေးနေရတာပဲ ဖြစ်ပါတယ်။ အသည်းရဲ့ အလုပ်လုပ်ချိန်လို့ဆိုရင် ပိုမှန်ပါလိမ့် မယ်။ အဲဒီအချိန်အတွင်း ခန္ဓာကိုယ်ကို အနားပေးထားရပါတယ်။ အိပ်စက်အနားယူရပါတယ်။ အနားမပေးရင် အသည်းရဲ့ လုပ်ဆောင်မှုတွေ ထိခိုက်လျော့နည်းစေပြီး အသည်းကိုတဖြည်းဖြည်း ပျက်စီးသွားစေပါတယ်။ အသည်းမကောင်းတော့ရင် ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ်တွေ ပုံမှန်မလည်ပတ်နိုင်တော့ပဲ စက်ပစ္စည်းတစ်ခုခုမှာ မူလီ တစ်ခုချွတ်ယွင်းရင် ကျန်တဲ့အစိတ်အပိုင်းတွေလည်း အဆင်မပြေနိုင်တော့သလို လူ့ခန္ဓာကိုယ်မှာလည်း အသည်း က အလုပ်မလုပ်နိုင်တော့ရင် အသည်းရောင် အသားဝါ B ပိုး၊ C ပိုး စတဲ့ အသည်းရောဂါတွေ အပြင် အခြား ရောဂါတွေလည်း တစ်ခုပြီးတစ်ခု ဖြစ်စေပါတယ်။ အဲ့ဒီလို အိပ်ပေးရမယ့်အချိန်မှာ မအိပ်ရင် အသည်းရဲ့ လုပ်ဆောင်ချက်တွေကို ထိခိုက်စေပါတယ်။(NVS 003)

29 Jun

ADVERTISE HERE .