"ပူစီနံရဲ့ ကျန်းမာရေး ကောင်းကျိုးတွေ"

28 Jun

ဒီနေ့ည ၈ နာရီမှာတော့ Novel Star Pageရဲ့ ကျန်းမာရေးကဏ္ဍကနေ ပူစီနံရဲ့ ကျန်းမာရေး ကောင်းကျိုးတွေအကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ ပူစီနံအရည် သောက်ခြင်းက ကင်ဆာကို ကာကွယ်ပေးနိုင်ပါတယ်။ လေ့လာချက်တွေအရတော့ ကင်ဆာဖြစ်စေမယ့် ဆဲလ်တွေ ဖြစ်တည်မှုနဲ့ ကင်ဆာဆဲလ်တွေ သေစေနိုင်မှုကို ပူစီနံဓာတ်က ကူညီတိုက်ဖျက်ပေးနိုင်တာ တွေ့ရပါတယ်။ ချွဲကျစေပြီး ချောင်းဆိုးခြင်းလည်း ပျောက်စေပါတယ်။ ပန်းနာရင်ကျပ်ကိုလည်း သက်သာစေ နိုင်ပါတယ်။ ပူစီနံက လည်ချောင်းရှင်းပြီး အသက်ရှုလမ်းကြောင်း ကောင်းမွန်စေတာ တွေ့ရပါတယ်။ ပူစီနံအရည် သောက်ခြင်းက အာရုံကြော အားကောင်းစေပြီး ခေါင်းကိုက်ခြင်းလည်း ပျောက်ကင်း စေပါတယ်။ ပူစီနံကို ပုံမှန် စားသုံးပေးခြင်းက အာရုံကြော အားကောင်းစေတာ တွေ့ရသလို ခေါင်းကိုက် နေချိန်မှာလည်း စားသုံးပေးမယ်ဆိုရင် ပူစီနံရဲ့ အနံ့ကြောင့် ခေါင်းကိုက်ပျေက်ကင်းစေတာကို လေ့လာချက်တွေအရ သိရပါတယ်။ ဒါ့အပြင် သတိမေ့ခြင်းကိုလည်း သက်သာစေနိုင်ပါတယ်။ အသက်အရွယ် ကြီးမားလာခြင်း အတွက်ရော စိတ်ဖိစီးမှုတွေများခြင်းကြောင့် သတိမေ့ခြင်းကို ပူစီနံက ကာကွယ်ပေးနိုင်ပြီး သက်သာစေ နိုင်တာကို လေ့လာချက်တွေမှာ တွေ့ရပါတယ်။ အသားကိုလည်း စိုပြေစေပါတယ်။ အရွက်ကို ပုံမှန် စားသုံးပေးခြင်းက အရေပြားကို စိုစွတ် အေးမြ စိုပြေစေပြီး နေပူဒဏ်ကိုလည်း ခံနိုင်စေပါတယ်။ ပူစီနံနဲ့ ဖော်စပ်ထားတဲ့ အရေပြား လိမ်းဆေးတွေက အရေပြား ကူးစက်ရောဂါတွေကိုပါ ကာကွယ်ပေးနိုင်တာ တွေ့ရပါတယ်။ ပူစီနံက ခံတွင်းကိုလည်း ရှင်းစေနိုင်ပြီး အစာကိုလည်း ကြေစေပါတယ်။ အစာမာ စားတာ များရင် ဒါမှမဟုတ် အစာမကြေ ဖြစ်နေရင် ပူစီနံ နည်းနည်းလောက် စားပေးရုံနဲ့ အစောကြေ အဆင်ပြေစေပါ လိမ့်မယ်။ အဝလွန်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ ပူစီနံရွက်ထဲမှာ ပါရှိတဲ့ ပူရှိန်တဲ့ ဓာတ်ဟာ သွေးထဲက အဆီခဲတွေကို ဖယ်ရှားပေးနိုင်ပြီး အ၀လွန်ခြင်းကို ကာကွယ်ပေးနိုင်တာ တွေ့ရပါတယ်။ ဒါ့အပြင် ကိုယ်အလေးချိန်ကိုလညိး မှန်စေ ပါတယ်။ အ၀လွန်ခြင်းကို ကာကွယ်ပေးနိုင်သလို ကိုယ်အလေးချိန် များနေသူတွေ၊ အဝလွန်နေသူ တွေကိုလည်း သွေးထဲက အဆီတွေဖယ်ပေးနိုင်တာကြောင့် ကိုယ်အလေးချိန် မှန်ပြီး ပိန်စေနိုင်တာလည်း တွေ့ရပါတယ်။ (NVS 003)

28 Jun

ADVERTISE HERE .