"Vitamin C ရဲ့ ကျန်းမာရေး ကောင်းကျိုးတွေ"

21 Jun

ဒီနေ့ည ၈နာရီမှာတော့ Novel Star Pageရဲ့ ကျန်းမာရေးကဏ္ဍကနေ Vitamin C ရဲ့ ကျန်းမာရေး ကောင်းကျိုးတွေ အကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ Vitamin C က နာတာရှည်ရောဂါတွေ ဖြစ်ပွားနှုန်းေတွကို ကျဆင်းစေပါတယ်။ Vitamin C ဟာ antioxidant ဖြစ်တဲ့အတွက် ခန္ဓာကိုယ်ရဲ့ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပါတယ်။ နာတာရှည်ဖြစ် စေမယ့် အကြောင်းအရင်းဖြစ်တဲ့ free radicals တွေရဲ့ ဘေးရန်ကနေ ကာကွယ်ပေးလို့ ဖြစ်ပါတယ်။ သွေးပေါင်ချိန် မြင့်မားခြင်းကိုလည်း ထိန်းညှိပေးပါတယ်။ Vitamin C ဟာ သွေးပေါင်ကို ကျဆင်းစေတဲ့နေရာမှာ ကူညီပေးလို့ဖြစ်ပါတယ်။ ဒါ့အပြင် နှလုံးရောဂါ ဖြစ်ပွားမှုနှုန်းကို လျော့ကျ စေပါတယ်။ လေ့လာချက်တွေအရ တစ်ရက်ကို Vitamin C 500mg ပုံမှန်သောက်သုံးတဲ့သူတွေဟာ ပုံမှန်လူတွေထပ် ၂၅% ‌နှလုံးရောဂါဖြစ်ပွားမှု လျော့နည်းသွားတာဖြစ်လို့ Vitamin C ကို ပုံမှန်သောက်သုံး ပေးသင့်ပါတယ်။ သွေးတွင်းUric acid ပါဝင်မှုကို လျော့နည်းစေပြီး ကိုက်ခဲနာကျင်တတ်တဲ့ Gout ရောဂါမှလည်း ကာကွယ်ပေးပါတယ်။ သံဓာတ်အားနည်းခြင်း Iron deficiency ကိုလည်း ကာကွယ်ပေးပါတယ်။ Vitamin C ဟာ အူတွင်းမှ သံဓာတ်စုပ်ယူနိုင်စွမ်းကို ကောင်းမွန်စေလို့ အမျိုးသမီးတွေ အများစု ဖြစ်တတ်တဲ့ သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါကို အထိုက်အလျောက် ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ဦးနှောက်မှတ်ဉာဏ်စွမ်းရည်နဲ့တွေးခေါ်နိုင်စွမ်းကိုလည်း ကောင်းမွန်စေပါတယ်။ ပထမဆုံးပြောခဲ့သလိုပါပဲ၊ Vitamin C ဟာ strong antioxidant ဖြစ်လို့ ဦးနှောက်လုပ်ဆောင်ချက်တွေကို ကောင်းမွန်စေပြီး မေ့တတ်ခြင်းကို လျော့ချပေးပါတယ်။ (NVS 003)

21 Jun

ADVERTISE HERE .