"ပူစီနံရဲ့ ကျန်းမာရေး ကောင်းကျိုးတွေ"

17 Jun

NVS 003 ဒီနေ့ည ၈ နာရီမှာတော့ Novel Star Pageရဲ့ ကျန်းမာရေးကဏ္ဍကနေ ပူစီနံရဲ့ ကျန်းမာရေးကောင်းကျိုးတွေ အကြောင်းကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ ပူစီနံက ကင်ဆာ‌ရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ ကင်ဆာဖြစ်စေမယ့် ဆဲလ်တွေ ဖြစ်တည်မှုနဲ့ ကင်ဆာဆဲလ်တွေ သေစေနိုင်မှုကို ပူစီနံဓာတ်က ကူညီတိုက်ဖျက်ပေးနိုင်တာ တွေ့ရပါတယ်။ ပူစီနံက ချွဲကျစေပြီး ချောင်းဆိုးခြင်းတွေကိုလည် သက်သာပျောက်ကင်းစေပါတယ်။ ပန်းနာရင်ကျပ်ကိုလည်း သက်သာစေနိုင်ပါတယ်။ ပူစီနံ က လည်ချောင်းရှင်းပြီး အသက်ရှုလမ်းကြောင်း ကောင်းမွန်စေတာကို တွေ့ရှိရပါတယ်။ ပူစီနံအရည်သောက်ခြင်းက အာရုံကြောကို အားကောင်းစေပြီး ခေါင်းကိုက်ခြင်းကိုလည်း ပျောက်ကင်း စေပါတယ်။ ပူစီနံကို ပုံမှန်စားသုံးပေးခြင်းက အာရုံကြောကို အားကောင်းစေတာကို တွေ့ရသလို ခေါင်းကိုက်နေချိန် မှာလည်း စားသုံးပေးမယ်ဆိုရင် ပူစီနံရဲ့ အနံ့ကြောင့် ခေါင်းကိုက်ခြင်းမှ ပျောက်ကင်းစေတာကို လေ့ချက်တွေအရ သိရပါတယ်။ ဒါ့အပြင် သတိမေ့ခြင်းကိုလည်း သက်သာစေနိုင်ပါတယ်။ အသက်အရွယ် ကြီးမားလာခြင်းအတွက်ရော စိတ်ဖိစီးမှုတွေများခြင်းကြောင့်‌ သတိမေ့ခြင်းကိုလည်း ပူစီနံက ကာကွယ်ပေးနိုင်ပြီး သက်သာစေနိုင်တာကို လေ့လာချက်တွေမှာ တွေ့ရပါတယ်။ အသားအရေကိုလည်း စိုပြေစေပါတယ်။ အရွက်ကို ပုံမှန်စားသုံးပေးခြင်းက အရေပြားကို စိုစွတ်အေးမြ စိုပြေ စေပြီး နေပူဒဏ်ကိုလည်း ခံနိုင်စေပါတယ်။ ပူစီနံနဲ့ ဖော်စပ်ထားတဲ့ အရေပြားလိမ်းဆေးတွေက အရေပြား ကူးစက်ရောဂါတွေကိုပါ ကာကွယ်ပေးနိုင်တာ တွေ့ရပါတယ်။ ပူစီနံက ခံတွင်းကိုလည်း ရှင်းစေနိုင်ပြီး အစာကိုလည်း ကြေစေပါတယ်။ အစာမာတွေ စားတာများရင် ဒါမှမဟုတ် အစာမကြေဖြစ်နေရင် ပူစီနံကို အနည်းငယ် စားပေးရုံနဲ့ အစာကြေညက်စေမှာ ဖြစ်ပါတယ်။ ပူစီနံကို စားသုံးခြင်းက အ၀လွန်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ ပူစီနံရွက်ထဲမှာပါရှိတဲ့ ပူရှိန်းဓာတ်ဟာ သွေးထဲကအဆီခဲတွေကို ဖယ်ရှားပေးနိုင်ပြီး အ၀လွန်ခြင်းကို ကာကွယ်ပေးနိုင်တာ တွေ့ရပါတယ်။ ဒါ့အပြင် ကိုယ်အလေးချိန်ကိုလညိး မှန်စေပါတယ်။ အ၀လွန်ခြင်းကို ကာကွယ်ပေးနိုင်သလို ကိုယ်အလေးချိန် များနေသူတွေ၊ အ၀လွန်နေသူတွေကိုလည်း သွေးထဲက အဆီတွေ ဖယ်ပေးနိုင်တာကြောင့် ကိုယ်အလေးချိန်မှန်ပြီး ပိန်စေနိုင်တာလည်း တွေ့ရပါတယ်။

17 Jun

ADVERTISE HERE .