ရေကို မတ်တပ်ရပ်ပြီး မသောက်သင့်တဲ့ အကြောင်းအရင်းတွေ

16 Jun

ဒီနေ့ည ၈ နာရီမှာတော့ Novel Star Page ရဲ့ ကျန်းမာရေးကဏ္ဍကနေ ရေကို မတ်တပ်ရပ်ပြီး မသောက်သင့်တဲ့ အကြောင်းအရင်းတွေ အကြောင်းကို ပြောပြသွားမှာဖြစ်ပါတယ်။ မတ်တပ်ရပ်ပြီး ရေသောက်ရင် ကျောက်ကပ်ရဲ့လုပ်ငန်းကို ထိခိုက်စေပါတယ်။ မတ်တပ်ရပ်ရင်း ရေသောက်လိုက်တဲ့အခါမှာ ကျောက်ကပ်ကနေ ရေကို စစ်ထုတ်နိုင်စွမ်း ကျဆင်းသွားပါတယ်။ ရေကနေရနိုင်တဲ့ အာဟာရဓာတ်တွေကို ကောင်းမွန်စွာ စုပ်ယူနိုင်ခြင်းလည်း မရှိသလိုဖြစ်သွားပါတယ်။ ရင်ပူခြင်းကို ဖြစ်စေပါတယ်။ အစာအိမ်နဲ့ပတ်သတ်တဲ့ ပြဿနာတွေ ဖြစ်စေပါတယ်။ မတ်တပ်ရပ်ပြီး ရေသောက်လိုက်တဲ့အခါမှာ အစာရေမြိုပြွန် Oesophagus ဟာ ဖိအားကိုခံစားရတဲ့အတွက် အစာအိမ်နဲ့ ရေမြိုပြွန်ကို ဆက်ထားတဲ့နေရာမှာ ထိခိုက်မှုတွေဖြစ်စေပါတယ်။ ဒါ့အပြင် အစာမကြေခြင်းကိုလည်း ဖြစ်စေပါတယ်။ မတ်တပ်ရပ်နေပြီး ရေသောက်တဲ့အခါ လူ့ခန္ဓာကိုယ်ဟာ တောင့်တင်းနေတတ်ပါတယ်။ လုံလောက်တဲ့ စုပ်ယူချိန်မရတဲ့အတွက် အစာမကြေခြင်းနဲ့ ရင်ကယ်ခြင်းတို့ကို ဖြစ်စေပါတယ်။ အဆစ်အမြစ် ယောင်ရမ်းခြင်းကို ဖြစ်စေပါတယ်။ မတ်တပ်ရပ်ပြီး ရေသောက်တဲ့အခါ ရေဟာ ခန္ဓာကိုယ်ထဲကို လျင်လျင်မြန်မြန် ဝင်ရောက်သွားပြီး အရိုးအဆစ်တွေကြားမှာ ရေစုသွားစေတဲ့အတွက် အဆစ်ယောင်တာနဲ့ ကိုက်ခဲတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ရေသောက်ပေမယ့် ရေငတ်မပြေစေပါဘူး။ ရေအရမ်းငတ်နေတဲ့ အချိန်မှာ မတ်တပ်ရပ်ပြီး ရေကို အငမ်းမရ သောက်လိုက်ပေမယ့် ရေငတ်ခြင်းကတော့ သိသိသာသာမပြေသွားတာမျိုး ဖြစ်တတ်ပါတယ်။ ရေသောက်မယ်ဆိုရင် ထိုင်ပြီးသောက်ပေးပါ။ ဖြေးဖြေးချင်းသာ သောက်သုံးသင့်ကြောင်း အကြံပြုလိုပါတယ်။ (NVS 003)

16 Jun

ADVERTISE HERE .