ကျန်းမာရေးအတွက်ကောင်းပြီး ကိုယ်အလေးချိန်ကို လျှော့ချပေးနိုင်တဲ့ အသီးအရွက်ဖျော်ရည်တွေ

13 Jun

ဒီနေ့ည ၈ နာရီမှာတော့ Novel Star Page ရဲ့ ကျန်းမာရေးကဏ္ဍကနေ ကျန်းမာရေး အတွက်သင့်တော်ပြီး ကိုယ်အလေးချိန်ကို လျှော့ချပေးနိုင်တဲ့ အသီးဖျော်ရည်တွေအကြောင်းကို ပြောပြ ပေးသွားမှာဖြစ်ပါတယ်။ မုန်လာဥနီဖျော်ရည်က မျက်လုံးအားကောင်းစေပြီး နောက်ကြောတက်တာကိုပါ သက်သာစေ နိုင်ပါတယ်။ ဗိုက်ပြည့်လွယ်တာကြောင့် ညဘက်တွေမှာ သောက်သုံးသင့်ပါတယ်။ အချိုကိုတော့ပါတယ် ဆိုရုံပဲ ထည့်သင့်ပါတယ်။ သခွားသီးဖျော်ရည်က ကိုယ်အလေးချိန်ကို ထိန်းပေးတဲ့အပြင် အသားအရေကိုပါ ကောင်းမွန် စေနိုင်ပါတယ်။ တစ်နေ့ ၂ ခွက် ပုံမှန်သောက်ပေးပါ။ ဟင်းနုနွယ်ကို သတ္တုရည်အဖြစ် ပြောင်းသောက်လိုက်တဲ့အခါ ဝမ်းကို မှန်စေပါတယ်။ အရေပြား ပြဿနာကိုလည်း သက်သာစေနိုင်ပါတယ်။ ကိုယ်အလေးချိန်ကို လျှော့ချပေးနိုင်သလို မျက်စိကိုလည်း ကြည်လင်စေပါတယ်။ ခရမ်းချဉ်သီးဖျော်ရည်ဟာ အရသာရှိပြီး သောက်လို့ကောင်းတဲ့ ဖျော်ရည်မျိုးဖြစ်ပါတယ်။ ကိုယ်အလေးချိန်အတွက်ဆိုရင်တော့ အချိုကိုလျှော့ထည့်ပါ။ ဂေါ်ဖီထုပ်ကို ဖျော်ရည်လုပ်သောက်ဖို့ဆိုတာ အဆန်းတော့ဖြစ်နေမှာပါ။ ဒါပေမယ့် အဆီကျ ချင်တယ်ဆိုရင်တော့ ဒီနည်းကသင့်တော်ပါတယ်။ ဂေါ်ဖီထုပ်ကို ဟင်းရည်အဖြစ် ချက်သောက်ရင်လည်း ရပါတယ်။ အသက်ရှည်ဆေးလို့တောင် ပြောကြတဲ့ တရုတ်နံနံပင်ကို အရည်ကြိတ်ပြီး သောက်ပေးရင်တော့ သွေးထဲက အဆီဓာတ်ကိုပါ ဖယ်ရှားပေးမှာဖြစ်ပါတယ်။ အနံ့ကတော့ နည်းနည်းသည်းခံရပါလိမ့်မယ်။(NVS 003)

13 Jun

ADVERTISE HERE .