"ခန္ဓာကိုယ်ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်တဲ့ အစားအစာတွေ"

12 Jun

ဒီနေ့ည ၈နာရီမှာတော့ Novel Star Pageရဲ့ ကျန်းမာရေးကဏ္ဍကနေ ခန္ဓာကိုယ်ခုခံအားစနစ်ကို မြှင့်တင် ပေးနိုင်တဲ့ အစားအစာတွေအကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ အအေးမိခြင်းကို ကြက်သွန်ဖြူက ကာကွယ်ဖို့ကူညီပေးနိုင်ပါတယ်။ အခြားအအေးမိခြင်းနဲ့ ဖျားနာခြင်းတွေကို ကာကွယ်ဖို့အတွက် ကြက်သွန်ဖြူက အိမ်သုံးဆေးဝါးတစ်မျိုးပါပဲ။ လေ့လာတွေ့ရှိ ချက်အရ ကြက်သွန်ဖြူမှာ allicin ဓာတ်ပါဝင်မှုကြောင့် အအေးမိ၊ ဖျားနာခြင်းအန္တရာယ်ကို လျော့ကျစေ နိုင်ပါတယ်။ ဘလူးဘယ်ရီသီးတွေမှာ antioxidant အစွမ်းသတ္တိတွေပါဝင်တာမို့ ခုခံအားတိုးစေပါတယ်။ Anthocyanin လို့ခေါ်တဲ့ antioxidant အစွမ်းပါဝင်ပါတယ်။ ၂၀၁၆ တုန်းက လေ့လာချက်တစ်ခုအရ အသက်ရှုလမ်းကြောင်း ဆိုင်ရာကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ဓာတ်တစ်မျိုးပါဝင်တယ်လို့ သိရပါတယ်။ အဲဒါကြောင့် အသက်ရှု လမ်းကြောင်းဆိုင်ရာ ကူးစက်မှုတွေ၊ အအေးမိဖျားနာတာတွေကို သက်သာစေနိုင်ပါတယ်။ ဂျင်း ကို ဟင်းလျာတွေထဲမှာထည့်သွင်း ချက်ပြုတ်တတ်ကြသလို လက်ဖက်ရည်ကြမ်းအဖြစ် လည်း ထည့်သွင်း သောက်သုံးတတ်ကြပါတယ်။ ရောင်ရမ်းခြင်းကို လျော့ကျစေတဲ့ဓာတ်နဲ့ antioxidant ဓာတ်တွေပါဝင်မှုကြောင့် ကျန်းမာရေးဆိုင်ရာအကျိုးအများကြီးရှိပါတယ်။ အအေးမိ၊ ဖျားနာခြင်းအတွက် အထူးသင့်လျော်ပြီး အကျိုးရှိတဲ့ ဆေးတစ်မျိုး ဖြစ်ပါတယ်လို့ လေ့လာချက်တွေအရ သိရပါတယ်။ အနက်ရောင် ချောကလက်မှာ Theobromine ခေါ်တဲ့ antioxidant ဓာတ်တစ်မျိုးပါဝင်ပါတယ်။ အဲ့ဒီဓာတ်က ခုခံအားစနစ်ကို တိုးမြင့်စေပြီး ဖရီးရယ်ဒီကယ်တွေကြောင့် ခန္ဓာကိုယ်ကဆဲလ်တွေ ပျက်စီးခြင်းကို ကာကွယ်ပေးနိုင် ပါတယ်။ ဖရီးရယ်ဒီကယ်တွေက ခန္ဓာကိုယ်ထဲကဆဲလ်တွေကို ပျက်စီး စေပြီး ရောဂါတွေပြန့်နှံ့စေနိုင်ပါတယ်။ နနွင်းကို ဟင်းချက်ရာမှာ ထည့်သုံးတတ်ကြပါတယ်။ ဆေးဝါးအဖြစ်လည်း တစ်ချို့နေရာတွေမှာ သုံးပါတယ်။ နနွင်းမှာ ပါဝင်တဲ့ curcumin ဓာတ်ကြောင့် ခန္ဓာကိုယ်တွင်းက ခုခံအားကိုလည်း မြှင့်တင် ပေးနိုင်ပါတယ်။ antioxidant အစွမ်းတွေပါဝင်ပြီး ရောင်ရမ်းခြင်းကို လျော့ကျစေနိုင်တဲ့ အစွမ်းလည်း ရှိပါတယ်။ ဆော်လမွန်၊ တူနာ၊ ဆာဒင်းငါး နဲ့အခြားအဆီများငါးတွေမှာ omega-3 fatty acids ပါဝင်မှုများပြားတာကြောင့် ခုခံအားကျဆင်းတဲ့အခါမှာအဖြစ်များတဲ့ ခန္ဓာကိုယ်အဆစ်အမြစ်ယောင် ရောဂါမျိုးကို သက်သာစေနိုင်ပါတယ်။ ဟင်းနုနွယ်ရွက်က ခုခံအားတိုးမြင့်ပေးနိုင်ပါတယ်။ flavonoids ၊ carotenoids ၊ vitamin C နဲ့ vitamin E ပါဝင်မှုကြောင့် ခုခံအားကို မြင့်တင်ပေးဖို့အကူအညီပေးပါတယ်။ flavonoids ဓာတ်က အအေးမိခြင်းကို ကာကွယ်ဖို့ ကူညီပေးနိုင်တယ်လို့ လေ့လာတွေ့ရှိချက်တွေအရသိရပါတယ်။ ပန်းပွင့်စိမ်းမှာ ဗီတာမင်စီပါဝင်ပါတယ်။ Sulforaphane ဆိုတဲ့ဓာတ်ပါဝင်မှုကြောင့် ခုခံအားကောင်းဖို့ ပုံမှန်စားသုံးသင့်တဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပါတယ်။ ဒါ့အပြင် ကန်စွန်းဥမှာ beta carotene ဓာတ်ပါဝင်မှုကြောင့် ဗီတာမင်အေရဲ့အရင်းအမြစ်ဖြစ်ပြီး အရေပြားကျန်းမာရေးကို အထောက်အကူဖြစ်စေပါတယ်။ နေရောင်ကြောင့် အရေပြားပျက်စီးခြင်းကိုလည်း ကာကွယ်ပေး နိုင်ပါတယ်။ (NVS 003)

12 Jun

ADVERTISE HERE .