"ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးမယ့် အစားအစာတွေ"

10 Jun

ဒီနေ့ည ၈ နာရီမှာတော့ Novel Star Pageရဲ့ ကျန်းမာရေးကဏ္ဍကနေ ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးမယ့် အစားအစာတွေအကြောင်းကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ ဘိုင်အိုတင်ဆိုတဲ့ဓာတ်က ဗီတာမင်ဘီ အုပ်စုထဲက တစ်ခုပဲဖြစ်ပါတယ်။ ဘီဆဲဗင်းလို့လည်း ခေါ်ကြပါတယ်။ အဲ့ဒီဓာတ်ချို့တဲ့ခြင်းက ဆံသားကျွတ်လွယ်ခြင်း၊ အာရုံကြောအားနည်းခြင်း၊ အရေပြား ကျန်းမာရေးထိခိုက်ခြင်းတို့ ဖြစ်တတ်ပါတယ်။ ကြက်ဥ၊ ကန်စွန်းဥနဲ့ ဟင်းနုနယ်တို့မှာ ပါဝင်ပါတယ်။ သံဓာတ်ပြည့်ဝတဲ့အစားအစာကို စားသုံးခြင်းက သင့်မှာသံဓာတ်ချို့တဲ့နေတာကို ကူညီပေးနိုင် ပါတယ်။ ဟင်းနုနယ်ရွက်မှာ သံဓာတ်ပြည့်ဝစွာပါဝင်ပါတယ်။ ဆံသားကျန်းမာရေးကို ကူညီနိုင်ပါတယ်။ အမဲသားစားခြင်းကလည်း သံဓာတ်ကိုရရှိနိုင်ပါတယ်။ ဇင့်ဓာတ်က ဆံသားကျွတ်လွယ်ခြင်းကို ကာကွယ်နိုင်ပါတယ်။ လေ့လာချက်တွေအရ ဆံသားကျွတ်လွယ်ခြင်းက ဇင့်ပမာဏလျော့နည်းနေခြင်းကြောင့်ဖြစ်နိုင်ပါတယ်။ ကမာကို ကြိုက်တယ် ဆိုရင်တော့ သင့်အတွက်ဇင့်ဓာတ်အပြည့်အဝရနိုင်ပါတယ်။ ကမာကို မစားတဲ့လူတွေအတွက်ကတော့ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ အနီရောင်အသား၊ ဟင်းနုနယ်ရွက် စတာတွေကနေ ဇင့်ဓာတ်ကိုရနိုင်ပါတယ်။ ဗီတာမင်အေ ပေါများတဲ့အစားအစာတွေက တစ်နည်းအားဖြင့် beta-carotenes ပါဝင်တာပါပဲ။ ဗီတာမင်အေက ဆံသားအတွက်ကောင်းသလို သင့်ခန္ဓာကိုယ်အတွက်လည်း ကောင်းမွန်စေပါတယ်။ Beta-carotene က မျက်လုံးအတွက်လည်းကောင်းမွန်စေသလို၊ ခုခံအားလည်းကောင်းစေပါတယ်။ ကင်ဆာရောဂါဖြစ်ပွားမှုကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင်ဒီ က အရေးကြီးတဲ့ လိုအပ်ချက်တစ်ခု ဖြစ်ပါတယ်။ နေရောင်ခြည်နဲ့ ထိတွေ့ခြင်းက ခန္ဓာကိုယ်မှာ ဗီတာမင်ဒီ ကြွယ်ဝစွာရရှိစေပါတယ်။ အပြင်ထွက်ပြီး နေပူစာလှုံခြင်းက ဗီတာမင်ဒီ ရရှိစေပါတယ်။ အဲဒီလိုမှမဟုတ်ဘဲ အစားအစာကနေရချင်ရင်တော့ တူနာငါး၊ ဆောလမွန်ငါးနဲ့ အမဲအသည်း၊ ကြက်ဥအနှစ်တွေကနေ ရနိုင်ပါတယ်။ နို့၊ အုတ်ဂျုံမှုန့်နဲ့ လိမ္မော်ရည်တွေကနေလည်း ရနိုင်ပါတယ်။ Omega 3 နဲ့ 6 က သင့်နှလုံးနဲ့ ဦးနှောက်ကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။ ဆံသားကျွတ်လွယ်ခြင်းနဲ့ ဆံသားပြန်လည်သန်စွမ်းဖို့ အသုံးဝင်ပါတယ်။ ဆော်လမွန်ငါးစားခြင်းက အကောင်းဆုံးနည်းလမ်းပါပဲ။ အခွံမာသီး၊ အစေ့များနဲ့ နေကြာဆီ၊ ဖရုံစေ့ဆီ၊ အုန်းဆီ၊ စပျစ်စေ့ဆီ၊ နှမ်းဆီစတဲ့ အဆီတွေမှာလည်း ပါဝင်ပါတယ်။ ဆီလီနီယမ်ဓာတ်က အရေးကြီးတဲ့ဓာတ် ဖြစ်ပါတယ်။ ခုခံအားကောင်းစေဖို့နဲ့ ဆံသားအတွက် အရေးပါပါတယ်။ အဲ့ဒီဓာတ်ပါဝင်တဲ့ အစားအစာတွေက မှို၊ ဝက်သား၊ အမဲသား၊ ကြက်ဆင်သား၊ နေကြာစေ့နဲ့ အခြားအစေ့အဆံတွေမှာ ပါဝင်ပါတယ်။ (NVS 003)

10 Jun

ADVERTISE HERE .